Zawgyi
သူတို့၂ယောက် အခန်းထဲရောက်တော့
ဆရာမ မရောက်သေးပေမယ့်
လူကတော်တော်စုံနေလေပြီ...လွတ်နေတဲ့ နောက်ဆုံးတန်းမှထိုင်ရင်း
ခုနကအသက်လုပြေးလာရတာကြောင့်
၂ယောက်လုံးစကားပင်မပြောနိုင်ကြချေ...ခုနကကျောင်းရှေ့မှာတွေ့ခဲ့တဲ့ ကောင်မလေးကတော့ စာသင်နေချိန်တွင်တောင် သူတို့ကိုခနခနလှည့်ကြည့်သေးသည်...
နေ့လည်ထမင်းစားချိန်မှာ canteen သွားမယ်လုပ်တော့...
"ဟဲ့ နင်တို့၂ယောက် canteen သွားမလို့လား"
မိန်းကလေးတစ်ယောက်လို သိမ်သိမ်မွေ့မွေ့
ပြောတတ်ရန်ပင်ဝေးစွ အသံကလည်းစူးလို့.."အေးလေ ဘာလို့လဲ"
ပိုင်ကပြန်ဖြေတော့ သွားတတ်လေးတွေပေါ်အောင်ရယ်ပြပြီး...
"တူတူသွားရအောင်လေ ငါ့နာမည် ငွေသွန်းခ..."
"နာမည်ကြီးကလည်းေ-ာက်ဆန်းကြီး"
"ယဉ်ကျေးမှုရှိစမ်းဟယ် ခေါ်ရထောက်နေရင် သွန်းခ လို့ခေါ်လည်းရတယ် နင်တို့ကရော"
သေချာပေါက် သူ့အိမ်ကလည်း သူ့ကိုမနိုင်လောက်ဘူး...
"ငါ့နာမည် စစ်ပိုင် သူ့နာမည်က မင်းခေတ်
နောက်မှဆက် မိတ်ဆက်ရအောင်ဟာ ဗိုက်ကဆာနေပြီ"Canteenရောက်တော့ ၃ယောက်လုံး မိတ်ဆက်ဖို့ပင်ဝေးစွ ခေါင်းပင်မဖော်နိုင်ကြချေ
"အော်အေး ငါမေးမလို့နင်ဒီမှာ သူငယ်ချင်းမရသေးဘူးလား"
စစ်ပိုင်က ပလုတ်ပလောင်းနဲ့ပြောတော့ သွန်းခကပါးစပ်ထဲက အသားတုံးကိုဝါးရင်း...
"အွန်း ငါ့သူငယ်ချင်းက ဆေးကျောင်းတက်နေတော့ ဒီမှာငါကအမကျန်နေတာ"
"အဲ့တာကို ငါတို့နဲ့လာပေါင်းနေသေးတယ် မိန်းကလေးတွေနဲ့ပေါင်းတာ မဟုတ်ဘူး"
"ပျင်းလို့ဟ အစကတော့သူတို့တွေနဲ့ပေါင်းကြည့်မလိုဘဲ စာသင်ချိန်တစ်ဝက်နဲ့တင် စိတ်ညစ်သွားတယ် ပြောလိုက်ရင် makeup ကမပါမဖြစ်"
သွန်းခကိုကြည့်ရတာ မိန်းကလေးသိပ်မဆန်
တခြားမိန်းကလေးများ ကျောပိုးအိတ်လှလှလေးတွေ လွယ်နေချိန်မှာ သူကတော့ကျောပိုးအိတ်အမည်းကြီးနဲ့...

YOU ARE READING
Paing (Z~U)
Teen Fictionမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...