Zawgyi
"မင်းမှာသဘောကျတဲ့သူရှိလား ခေတ်"
ထိုသူ့ဆီမှမထင်မှတ်သောစကားတစ်ခွန်းကြောင့် မင်းခေတ် အသက်ရှူပင်ကြပ်ချင်သွားလေသည်။
ညနေကမှ ၁၀တန်းစာမေးပွဲဖြေပြီးလို့ အခုသူငယ်ချင်းတွေနဲ့ စုကာမုန့်လုပ်စား နေကြတုန်း...သူငယ်ချင်းတွေလစ်တဲ့အချိန် ပိုင်က ပြောစရာရှိတယ်ဆိုပြီး အပြင်ခေါ်လာတာ အခုကျတော့မထင်မှတ်ထားတဲ့ မေးခွန်းကြီးမေးဖို့တဲ့လား။
ပိုင့်မျက်ဝန်းတွေကို ကြည့်လိုက်တော့ စိုးရိမ်ရိပ်တွေ အလျဉ်းမရှိ ဒီတိုင်းမေးလိုက်ပုံပင် ဒီသေနာလေး ဘာဖြစ်ချင်နေတာလဲ။ဒီမေးခွန်းအတွက် သူအသင့်ပြင်ပြီးသား မဟုတ်ပါလား စစ်ပိုင်ဆိုတဲ့ ဒီအရူးဟာ သူပြောသမျှ အကုန်ယုံ တဲ့အထိရူးတာလေ။
"ဟင့်အင်း ငါ့မှာအခုထိ မင်းလိုကလေးမသာ ကို လိုက်ထိန်းနေရလို့ သဘောကျစရာလူရှာဖို့တောင် အချိန်မရှိဘူး..."
ထိုအခါမှ စပ်ဖြဲဖြဲ လုပ်ကာ ကိုယ့်ပုခုံးကိုတောင် တိုက်သွားသေး ပြီးတော့ တစ်ခုခုကိုပြောသင့်လား တွေဝေနေဟန်...
"မင်း ဘာလို့မေးတာလဲ"
မေးသာမေးလိုက်ရသည် မင်းခေတ် ဖြေလာမည့် အဖြေကိုမကြားဝင့် တစ်ဖက်လူကတိတ်ဆိတ် နေသောကြောင့် အနည်းငယ်အရဲစွန့်ကာ...
"ဘာလဲ မင်းမှာသဘောကျတဲ့သူရှိလို့လား"
တစ်ဖက်လူရဲ့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တဲ့အပြုံး တစ်ခုအောက်မှာ သူ့ကမ္ဘာတစ်ခုလုံး ပြိုကွဲစပြုလာ လေပြီ...
"အင်း ရှိတယ် ငါသူ့ကိုအရမ်း သဘောကျတာ မင်းကငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုတော့မင်းကို အရင်ပြောပြတာ ပြီးတော့...."
ပြောနေတဲ့စကားကို ရပ်ကာသူ့အားပြန်ကြည့်တဲ့ မျက်ဝန်းညိုတွေက စိုးရိမ်မှုတို့ နေရာယူလျက် အရင်လိုဘဲ ပျော်ပျော်နေစမ်းပါ မင်းလေးရယ်....
"ငါယောက်ျားတစ်ယောက်ကို သဘောကျနေတယ်ဆိုရင်တောင် မင်းငါ့ကိုလက်ခံပေးနိုင်တယ်မလား တစ်ခြားကောင်တွေက ငါ့ကိုဘယ်လိုထင်ထင် ငါဂရုမစိုက်ဘူး မင်းကတော့ ငါ့ကို....."

YOU ARE READING
Paing (Z~U)
Jugendliteraturမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...