Zawgyi
အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို စစ်ပိုင်မယုံပါ
တစ်ခါမှလည်းမခံစားခဲ့ရဖူးပေ...သူ့အတွက်ကတော့ ကစားလို့ကောင်းသောအရာတစ်ခုဟုပင် သတ်မှတ်ထားသည်...
ထိုမျက်ဝန်းပြာတွေကို
မတွေ့ခင်အချိန်ထိပေါ့...💙တောင်ပေါ်သို့ရောက်သည်နှင့်အမျှ လေထုကလည်း တဖြည်းဖြည်း အအေးဘက်ပိုင်းရောက်လာသည်။ နွေရာသီဖြစ်သော်လည်း ပြင်ဦးလွင်၏ ရာသီဥတုကတော့ မန္တလေးနဲ့ အလွန်ကွာလှသည်။ ဘေးမှန်ကိုဖွင့်လိုက်တော့ ဆံပင်တွေကြား အေးမြမြလေတစ်ချို့က တိုးဝင်လာတာကြောင့် မျက်ခွံများလေးလံလာပြီး အအိပ်မက်သူပီပီ အိပ်ပျော်သွားတော့သည်။
အပြင်ဘက်ရှိဆူညံသံတို့ကြောင့် ဆက်အိပ်ရန်မဖြစ်နိုင်တော့သောကြောင့် အိမ်ထဲကိုသာခက်မြန်မြန်ဝင်ခဲ့ရတော့သည်။
မရောက်တာကြာပြီဖြစ်သော အိမ်အိုလေးကတော့ သူ့အားနွေးထွေးစွာကြိုဆိုနေလျက်...
ဖွားဖွားကိုလွမ်းပါသော်လည်း အဖေ့ကိုရွဲ့လိုသောစိတ်ကြောင့် ဒီအိမ်လေးကိုစစ်ပိုင် ၄တန်းပြီးကတည်းက မရောက်ဖြစ်တော့ပေ။ အိမ်ထဲသို့ဝင်ဝင်ချင်း ခံစားလိုက်ရတာကတော့ မခံစားရတာကြာပြီဖြစ်သော မေမေ့ရဲ့အငွေ့အသက်...
"ပိုင်လေး ဖွားဖွားကို ချစ်ရင်ဒီအိမ်လေးကို
မကြာမကြာအလည်လာပါကွယ်"ဖွားဖွားကတော့ အသက်ကြီးသည့်တိုင် သပ်သပ်ရပ်ရပ် ဝတ်စားနေထိုင်သောအမျိုးသမီး
ဖြစ်သည်....နှင်းဆီကိုနှစ်သက်လှသော သူမသည် တခြံလုံးကိုနှင်းဆီပင်များ ဖြင့်အလှဆင်ထားလေသည်...
"ပိုင်လေးက ရုတ်တရက်ကြီးလာလည်တော့ ဖွားဖွား ဘာမှမပြင်ဆင်ရသေးဘူး ခနစောင့်နော် ကောင်မလေးတွေကို ရှင်းခိုင်းလိုက်မယ်"
"မလုပ်ခိုင်းနေနဲ့တော့ ဖွား သားလည်းခရီးပန်းနေပြီ အိပ်တော့မှာ"
သပ်သပ်ရပ်ရပ် နေထိုင်တတ်သူပီပီ ဒီလိုဖြစ်သလို နေတာကို ဖွားမကြိုက်မှန်းသိသော်လည်း မတတ်နိုင်ပေ သူလည်း ကားစီးလာရတာကြောင့် လူကနုံးချိ နေလေပြီ....

YOU ARE READING
Paing (Z~U)
Novela Juvenilမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...