Zawgyi
နေအလင်းရောင်ကျလာသည်နှင့်အမျှ ပတ်ဝန်းကျင်ကလည်း ပို၍ပင်ဆူညံလာတော့သည်။ လမ်းမပေါ်တွင် အရှိန်ကုန်မောင်းနေကြတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟွန်းသီးသံတွေဆူလို့။
ထို့အတူမျက်နှာပေါ်ကျလာတဲ့ အရိပ်တစ်ခု။ မျက်နှာနားကို တဖြည်းဖြည်းနီးကပ်လာတော့ ကျွန်တော်ရင်ခုန်ရလေသည်။
ရင်ခုန်နေတုန်းရှိသေး မျက်နှာပေါ် စိုစိစိအရည်တွေကျလာတာကြောင့် မြန်မြန်မျက်လုံးဖွင့်ကြည့်လိုက်တော့။
"အား!!!!!"
ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့ ခွေးဖက်တီးကြီး။
ထို့အတူ အခန်းထဲပြေးဝင်လာတဲ့သူ။"ပိုင်လေး အခန်းထဲမဝင်နဲ့လေ လာအပြင်ပြန်ထွက်"
ဝကစ်နေတဲ့ ခွေးဖက်တီးကြီးကို သူကတော့ ဘာမှမဟုတ်သလို စွေ့ခနဲ ကောက်ချီလိုက်တော့သည်။
"အော်...မင်းနိုးနေပြီလား"
"အေး"
ထို အေး ဟူသောဖြေသံကတော့ ရတုရင်ခွင်ထဲက ခွေးကြီးကို မျက်စောင်းထိုး၍ ပြောလိုက်ခြင်းပင်။
"မျက်နှာသစ်ပြီး အောက်ဆင်းခဲ့တော့ ငါမနက်စာပြင်ထားတယ်"
သူပြောချင်တာပြောပြီးသည်နှင့် သူ့ခွေးကြီးကိုပွေ့ချီကာ ထွက်သွားလေတော့သည်။
/FUCK!!!!! လန့်လိုက်တာ/
ခွေးကြောက်တတ်သူ မဟုတ်ပေမယ့် ခွေးချစ်တဲ့သူ ထဲတွင်လည်းမပါပေ။ ငယ်ငယ်ကပထမဆုံးမွေးဖူးတဲ့ ခွေးလေးသေသွားကတည်းက ထပ်ပြီးမမွေးရဲတော့။ အဲ့ခွေးသေသွားတုန်းကဆို ၃ပတ်လောက် ထမင်းပင်မစားနိုင်တော့တာကြောင့် အဖေကနောက်ထပ် ခွေးမွေးခွင့်မပေးတော့ချေ။
ရေနဲ့ဖြစ်သလို မျက်နှာသစ်လိုက်ပြီး သွားတိုက်တံ မရှိတာကြောင့် ရေနဲ့သာပလုပ်ကျင်း လိုက်တော့သည်။ ညစ်ပတ်လည်း ကိုယ်တွေကချောပြီးသား။
အင်္ကျီလဲရန်လုပ်လိုက်တော့ ကော်လံအောက်နားက အနီရောင်အကွက်လေး။ အသားကအရမ်းမဖြူပေမယ့် အရေပြားကအရမ်းနုတော့ ထင်း၍နေလေတော့သည်။

YOU ARE READING
Paing (Z~U)
Fiksi Remajaမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...