Zawgyi
ကျောင်းကထွက်လာကတည်းက စစ်ပိုင်တို့ ကားလေးကတိတ်ဆိတ်လို့....
စစ်နိုင်ရော သူရိန်ပါ လိုက်မလာတာကြောင့် ကားပေါ်မှာ၂ယောက်တည်း အသက်ရှုပင်ကြပ်ချင်သွားတော့သည် အုပ်စုလိုက်ကြီးနဲ့ဆိုရင် ဘာမှမဖြစ်ပေမယ့်
အခုတော့ စိတ်လှုပ်ရှားကာခြေဖျားလက်ဖျားများပင် အေးလာတော့သည်...ဘေးမှထိုင်နေတဲ့သူကတော့ ကားမောင်းတာကိုအာရုံစိုက်နေတာကြောင့် သိလိမ့်မည်မဟုတ်ပေ....
နက်ပြာရောင် စတစ်ကို လက်ဖျံနားထိခေါက်တင်ထားတာကြောင့် အစကတည်းကဖြူနေတဲ့ သူ့အသားအရည်ကို ပို၍ပင်ထင်းနေစေသေးသည်....
အကြာကြီးကြည့်နေရင် မကောင်းတာကြောင့် ပြတင်းပေါက်ဘက်ကိုသာ အကြည့်လွှဲခဲ့ရတော့သည်...
"စစ်ပိုင် ဘာလို့လဲ အေးလို့လား"
မီးနီမိနေတာကြောင့် ကားခနရပ်ရင်း သူ့ဘက်ကိုလှည့်လာကာ ရုတ်တရက်မေးလေတော့...
"အာဟ....မအေးပါဘူး ဘာလို့လဲ"
"မင်းကသာမအေးဘူးပြောနေတာ မင်းလက်ဖျားတွေကရေခဲတုံး ကျနေတာပဲ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
ပြောရင်းဆိုရင်း လက်ကလည်းနဖူးပေါ်လာစမ်းလေတော့သည်...
စစ်ပိုင် နဖူးပေါ်ကျလာတဲ့လက်ကို ခပ်မြန်မြန်ပုတ်ထုတ်လိုက်ကာ...
"အာ...ဟိုမှာမီးစိမ်းနေပြီ မောင်းတော့လေ"
"Sorryနော် ငါကအဲ့လိုဆိုအကျင့်ပါနေလို့"
အမလေး ငါ့နှလုံးလေးပေါက်ထွက်တော့မှာဘဲ နင့်မေကြီးဒေါ်မို့လို့ အကျင့်ပါနေတာလား...
စိတ်ကတော့ကျိန်ဆဲနေပေမယ့် အမြင်မှာတော့...
"ရပါတယ် ငါလည်းရုတ်တရက်မို့လို့ပါ"
ကြိုက်တာကြိုက်တာပဲ ဆဲတာဆဲတာပဲ တစ်ကန့်စီပေါ့...
အဲ့နောက်မှာတော့ ငွေသွန်းခအိမ်ရောက်သည်အထိ ဘယ်သူမှစကားစ မပြောဖြစ်တော့ချေ...
"စစ်ပိုင် ငါတို့ငွေသွန်းအိမ်ရောက်ပြီ ထတော့"
စိတ်လှုပ်ရှားလွန်တာရော ညကမိုးလင်းထိဂိမ်းဆော့ထားတာရော ပေါင်းကာစစ်ပိုင်တစ်ယောက် အိပ်ပျော်သွားလေတော့သည်....

YOU ARE READING
Paing (Z~U)
Teen Fictionမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...