Zawgyi
"သွန်းခ ကိုယ်တို့လမ်းခွဲရအောင်"
တွဲလာခဲ့တဲ့ တစ်နှစ်တာလုံး လမ်းခွဲဖို့ပင်မပြောနဲ့ တစ်ခါမှကတောက်ကဆ မဖြစ်ဖူးတဲ့ သူတို့အတွဲ ဒီလိုအဆုံးသတ်ရမယ်လို့ သွန်းခတစ်ခါမှမထင်ခဲ့ဖူးပေ...
"သူရိန် ငါ့ကိုအဲ့လိုမစပါနဲ့ဟာ ဒါကစ စရာမဟုတ်ဘူး"
"ငါ့ပုံစံက စနေတဲ့ပုံနဲ့တူတယ်ပေါ့"
တစ်ဖက်လူရဲ့ အေးစက်စက်တုံ့ပြန်မှုကြောင့် ငွေသွန်းခ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်....
ဘာကများ သူရိန် လိုလူမျိုးကိုဒီလောက်ပြောင်းလဲ သွားစေခဲ့တာလဲ....
ဘယ်လောက်ချစ်ချစ် ငွေသွန်းခ ဆိုသည်မှာလည်း ထွက်သွားချင်နေတဲ့သူမျိုးကို ဆွဲထားမယ့် ဂျိုကားကားကြီးနဲ့ နွားမကြီးအဖြစ်မခံနိုင်...
"Ok ပြတ်လိုက်ကြတာပေါ့ ပြီးမှ feel post တွေလာမတင်နဲ့နော် အိမ်တိုင်ရာရောက်လာဆဲမှာ"
ရင်ထဲမှာ ဘယ်လောက်ပင် ခံစားနေရပါစေ အပြင်ပန်းတွင်တော့ ဟန်ဆောင်ကောင်းရမည်မလား...
......
"ကျစ် စောက်ကျိုးနည်း အိပ်မက်ကြီး ပြန်မမြင်ချင်တော့တဲ့ အခွက်ကိုပြန်မြင်နေရတာ အဆင်ကိုမပြေဘူး"
အိပ်ချင်မူးတူးနဲ့ စားပွဲပေါ်ကဖုန်းကို ဖွင့်လိုက်တော့....
ဟိုက်ရှားပါး၈နာရီတောင်ခွဲနေပြီ မနေ့ညကနှိုးစက်ကို၇နဲ့၈မှားနှိပ်လိုက်ပြန်တာလား...
မျက်နှာကို ရေနဲ့မြန်မြန်သစ်ပြီး အောက်ထပ်ဝရုန်းသုန်းကားပြေးဆင်းလာတော့....
"ဝေါင်း ငါ့အမအိပ်ယာထနောက်ကျပြန်ပြီလား ပြေးလိုက်ပါဦး ဖိုက်တင်း"
ထမင်းစားခန်းထဲ အခန့်သားထိုင်နေတဲ့တစ်ဦးတည်းသော ချစ်မောင်လေး
"နင့်မေကြီးဒေါ် ဝေါင်း နောက်ကျနေတဲ့ကြားထဲ အာရုံလာမနောက်နဲ့"
ကျိန်ဆဲပြီးတော့ မြန်မြန်သာထွက်ခဲ့ရတာ နောက်ကသကောင့်သားလေးက ဘာတွေပြောပြီးကျန်ခဲ့မှန်းမသိ...

YOU ARE READING
Paing (Z~U)
Fiksi Remajaမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...