Zawgyi
ငွေသွန်းခ သူတို့နဲ့လာမပေါင်းတာ ဒီနေ့နဲ့ဆိုရင် တစ်ပတ်ပင်ပြည့်တော့မည်....
စစ်ပိုင်လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း....
"ခေတ် ငါတို့သွားချော့ရအောင်လား"
"ငါတို့အစကတည်းက သူ့ကိုဘာမှမပြောဘဲမနေခဲ့သင့်ဘူး
အခုသူတော်တော်စိတ်တိုသွားတယ်ထင်တယ်""ဘာငါတို့လဲ ငါတစ်ယောက်တည်းကြောင့်ပါ မင်းမှာအပြစ်မှမရှိတာကို ငါပဲသေချာသူ့ကိုရှင်းပြကြည့်လိုက်မယ်"
ဖွင့်ပြောဖို့အချိန်ကောင်းမဟုတ်ပေမယ့်ပေါ့....
"စစ်ပိုင် ငါ....."
"You know I'll go get tutututu tututu"
စကားပင်ဆုံးအောင်မပြောလိုက်ရသေး စစ်ပိုင်ဖုန်းမှအသံမြည်လာလေတော့သည်....
"အော် ရတု ဘာပြောမလို့လဲ"
မင်းခေတ် စိတ်နာနာနဲ့ပြုံးလိုက်မိတော့သည် ခုနကသာ သူဖွင့်ပြောလိုက်ရင် အခုသူ့ရှေ့မှာ ပါးချိုင့်လေးပေါ်အောင်ပြုံးနေတဲ့ ကောင်လေးကို မြင်ရဦးပါ့မလား.....
"အေး ပြီးရော အဲ့လိုဆိုလည်း ညနေမင်းတို့ဆီလာခဲ့မယ်လေ"
ဟိုဘက်ကသာ ဖုန်းချသွားသည် စစ်ပိုင်ကတော့ပြုံးလို့မပြီးသေး....
"ခေတ် မင်းခနနေရင် ဘာမှလုပ်စရာမရှိဘူးမလား ငါတို့သွန်းခရဲ့အိမ်သွားရအောင်"
"အာ....ငါမရလောက်ဘူး ခနနေရင် senior တွေနဲ့တွေ့ဖို့ရှိသေးတယ်"
"အော် အေး အဲ့တာဆို ငါတစ်ယောက်တည်းသွားလိုက်တော့မယ် သွန်းခ ကိုလည်းပြောလိုက်မယ်လေ မင်းလုံးဝမအားလို့မလိုက်ခဲ့တာဆိုပြီး"
"Ok Ok ပျော်ခဲ့ပါဦး"
"ဘာကိစ္စပျော်ရမှာလဲ ငါက"
ဘာလို့လဲ ဆိုတဲ့သဘောနဲ့ ဘုကြည့်ကြည့်လိုက်သေးသည်...
မင်းခေတ် နှစ်ယောက်တည်းကြားနိုင်ရုံမျှ နားစပ်နားထိကပ်ကာ...
"တုံးလိုက်တာ ရတုနဲ့ နှစ်ယောက်တည်းသွားရမှာကို မပျော်ဘူးပေါ့"

YOU ARE READING
Paing (Z~U)
Teen Fictionမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...