Zawgyi
"စစ်ပိုင် ထတော့ မင်းအခုမထရင် ငါတို့နောက်ကျလိမ့်မယ်..."
မနေ့ကရန်ဖြစ်ထားတဲ့ ဒဏ်တွေနဲ့ ညကစိတ်ညစ်ညစ်နဲ့ game ထိုင်ဆော့ရင်း မနက်လင်းခါနီးမှအိပ်လိုက်ရတာကြောင့် မျက်လုံးကလွယ်လွယ်နှင့် မပွင့်ပေ...
"ငါမထချင်ဘူး အိပ်ရေးမဝသေးဘူး"
"မနေ့ကရန်ဖြစ်ထားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ငါတို့ဆဲခံရလောက်တယ် ဒီနေ့နားလိုက်မယ်ဆို ပိုဆိုးသွားလိမ့်မယ် မြန်မြန်ထ"
ထိုအခါမှ ပါးစပ်ကပွစိပွစိနဲ့ ကျိန်ဆဲကာထလာလေတော့သည် ရေချိုးခန်းထဲဝင်ခါနီးမှ သူ့ဘက်ပြန်လှည့်လာပြီး...
"ငါမင်းကိုမနေ့က ကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်သေးဘူးနော် လာဆရာမလုပ်နဲ့"
"အေးပါ အခုတော့မြန်မြန်မျက်နှာသစ် ငါအောက်ထပ်မှာ စောင့်နေမယ်"
....
နေ့လည်ထမင်းစားချိန် မင်းခေတ်အိမ်သာသွားနေတုန်း ၂ယောက်သား ခေါင်းချင်းဆိုင်ကာ...
"ပြောပါဦး မယ်မင်းကြီးမ မနေ့ကနင့်ကြောင့် ငါတို့ဌာနမှူးဆူတာလည်း ခံလိုက်ရပြီ ပြီးတော့ငါတို့ကိုလည်း ပစ်ထားသွားသေးတယ်"
ငွေသွန်းခ အားနာသလိုကြည့်ရင်း...
"ငါနင့်ကိုရှင်းပြမယ်ဟာ"
"အေး ရှင်းမှဘဲ မဟုတ်ရင် ငါတို့ကဘာမှမသိဘဲ ရန်ဖြစ်ခဲ့ရသလိုကြီး"
"တစ်ကယ်တော့ မနေ့ကနင်တို့နဲ့ရန်ဖြစ်ခဲ့တဲ့တစ်ယောက်က ငါ့အရင်ကောင်လေးကွာ ငါအစက အဲ့ကိုရတုနဲ့တွေ့ဖို့သွားတာသူနဲ့တွေ့ရလိမ့်မယ် လို့မထင်ထားဘူး"
"ရတုကဘယ်သူတုန်း"
"ငါ့ကိုမနေ့ကဆွဲခေါ်သွားတဲ့ တစ်ယောက်လေ နာမည်က ရတုပိုင်"
"အော်...."
အခုသေချာပြန် စဉ်းစားကြည့်တော့မှ မျက်ဝန်းပြာတွေနဲ့ထိုလူသားကို သဘောကျရုံမှတစ်ပါး ထိုလူသားရဲ့နာမည်ကိုပင် စစ်ပိုင်မသိခဲ့ချေ သူကလည်းနောက်တစ်ကြိမ်ထပ်မေးဖို့ မေ့နေသလို ထိုလူသားကလည်း ပြောပြဖို့အစီအစဉ်မရှိခဲ့...
YOU ARE READING
Paing (Z~U)
Teen Fictionမျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆိုင်နာမ်ကို မုန်းတတ်လာတယ်... မင်းကငါ တစ်ယောက်တည်းပိုင်တဲ့ တစ်ဦးဆိုင်နာမ်....💙 မျက်ဝန်းပြာတွေနဲ့ မင်းကြောင့် အခ်စ္ဆိုတဲ့ စိတ္တဇနာမ်ကို ယုံပြီးနောက်ပိုင်း ငါကအများဆ...