About Break the Silence

3.9K 214 8
                                    

Both ZawGyi and Unicode are provided. Scroll down to read Unicode Part. Thanks.



"The Hideous Truth, Concealed far too long!The time is now. We all need to . . .

Break the Silence

Let your words, speaks the Truth "


- ZawGyi -

ရှင်းလင်းချက်.....

ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်စရိုက်များ ဇာတ်ကောင်များ၏အမည် ဇာတ်လမ်း ဇာတ်ကွက် ဇာတ်လမ်းဖန်တီးထားသည့် နေရာနှင့်အဆောက်အဦးအမည်များ အသုံးပြုထားသောဇာတ်လမ်း အထောက်အကူပစ္စည်းများ အသုံးပြုထားသည့်အချက်အလက်များနှင့် ပြောဆိုသုံးနှုန်းထားသော စကားလုံးများအားလုံးသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မည်သည့်အဖွဲ့အစည်းကိုမျှ ထိခိုက်စေရန် ရည်ရွယ်ခြင်းမရှိပါ။

ထို့အပြင် အမှု့သွား အမှု့လာနှင့်တရားရုံးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပြုမူပြောဆိုပုံများသည် လက်တွေ့သဘာဝအတိုင်းမဟုတ်ပဲ၊ ဇာတ်လမ်းဇာတ်ကွက်ဆန်ဆန် ဖန်တီးထားခြင်းသာဖြစ်သည်။ အကယ်၍အပြင်လောကတွင် တူညီနေခဲ့သည်ရှိသော် မတော်တဆတိုက်ဆိုင်မှု သက်သက်သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

စာရေးသူ၏အမှာစာ....

မင်္ဂလာပါ...ရှု့ပါ၊ ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင် စာစရေးထဲကခေါင်းထဲမှာအမြဲရှိနေတဲ့ plot လေးတွေထဲကတစ်ခုပါ၊ ဒီ plot ကိုစပြီးစဉ်းထားတာက အသက် ၁၇နှစ် တုန်းကပါ၊ စပြီးရေးဖို့အကောင်ထည်ဖော်ခဲ့တာကတော့ ၁ဂပြည့်ပြီးမှပါ။

အသက်ကိုထည့်ပြောရတဲ့အကြောင်းအရင်းကတော့ စာရေးတဲ့ပါရမီရှု့မှာမပါသလို၊ ကွန့်ကာညွန့်ကာစာစီပတ်ကုံးမရေးဖွဲ့တတ်တာ ကြီးမားဆုံးအားနည်းချက်ပါ။ အရေးအသား အတွေးအခေါ်နှင့် အတွေ့အကြုံတွေကလဲ နုနယ်သေးတာကြောင့် အမှားတစ်စုံတစ်ရာပါခဲ့လျှင်ဤနေရာမှ အနူးအညွတ်တောင်းပန်ပါရစေ။

ဒီဇာတ်လမ်းလေးကိုစရေးဖြစ်ခဲ့ပုံကတော့ ညီမငယ်တစ်ယောက်ရဲ့ အကြံမေးမှု့လဲပါတယ်၊ ရှု့ကိုယ်တိုင်ကလဲ Sex Education ကိုထဲထဲဝင်ဝင်ရေးသားဖော်ပြခဲ့တာကြောင့် စာတွေလိုက်ဖတ်လေ့လာရင်းကနေ ရေးဖို့အကြံရလာခဲ့တာပါ။

Break the Silence (Completed)Onde histórias criam vida. Descubra agora