- ZawGyi -
ပထမရက်တရားရင်ဆိုင်ခြင်းပြီးဆုံးခဲ့ပြီ။ နောက် ၃ရက်နေ့မှရုံးချိန်းကိုရွေ့ဆိုင်းခဲ့သည်။
"မရှားစစ်မေ..."
"ရှင် ... "
"ကျွန်တော်တို့တွေအဆင်ပြေပါ့မလား"
အလင်္ကာကစိုးရိမ်တကြီးနှင့် ရှားစစ်ကိုမေးလေသည်။ စိတ်ပူမယ်ဆိုလဲ စိတ်ပူချင်စရာပါ။ နေချိုတေးဆိုတဲ့ အမျိုးသမီးက ခန့်မှန်းရခက်နဲ့အမျိုးသမီး၊ သူမဘာတွေစဉ်းစားနေတယ်ဆိုတာကို မျက်နှာကိုဖတ်ရုံနဲ့မသိနိုင်ဘူး။ အေးတိအေးစက် အပြုံးလေးနဲ့ပဲ တစ်ချိန်ထဲပြီးရမဲ့တရားခွင်ကို နောက်ရက်ကိုရွှေ့သွားခဲ့တာလေ။
"စိတ်မပူပါနဲ့ ... အခုမှအစပဲရှိသေးတာပါ။ သူကခံစစ်ကောင်းကောင်းကစားတတ်ပေမဲ့။ ကွိန်မကလည်း ဗျူဟာကောင်းကောင်းခင်းနိုင်ရင် ဒီအမှုကိုနိုင်ကိုနိုင်မှာပါ ပြီးတော့ဒီလူက တရားခံရှေ့နေကောင်းကောင်းရှာနိုင်သွားတယ်လေ။ သူမကြောင့်ကံကောင်းနေတာပါ..."
ရှားစစ်အပြောကြောင့် ပူပန်နေသောစိတ်များ ခေတ္တခဏလျော့ကျသွားခဲ့သည်။ စိုင်းလေး၏ဖခင်ဖြစ်သူဦးရဲသွင် ကတော့တရားခွင်မှာကတည်းကစိတ်ပူနေတာအခုထိမပျောက်နိုင်သေး။ ဒုတိယရက်အခြေအနေကိုသာစောင့်ကြည့်ရတော့မည်။ သူ၏စိတ်ထဲတွင်လည်း အတော့်ကိုပူလောင်နေသည်။ ဦးရဲသွင်တို့မျက်နှာမကောင်းတာကိုမြင်တော့ ရှားစစ်က-
"ဦးရဲသွင် ဒီအချိန်မှာစိတ်အရမ်းပူနေမယ်ဆိုတာကို ကျွန်မနားလည်ပါတယ်။ လူလို့တောင်မခေါ်ထိုက်တဲ့သူယုတ်မာကို တရားဥပဒေအရထိုက်ထိုက်တန်တန်အပြစ်ပေးဖို့ ကျွန်မတာဝန်သာထားပါ။ ဒီအမှုနိုင်ကိုနိုင်စေရပါမယ်။ တရားမျှတမှုရစေရပါမယ်။ ကျွန်မကအမှန်တရားရဲ့ဘက်တော်သားပါ။ တစ်ဖက်ရှေ့နေက ဘယ်လောက်ပဲတော်နေပါစေ။ ဘယ်သူကြီးပဲဖြစ်နေပါစေ။ ကျွန်မကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အားကုန်ထုတ်သုံးပြီးကို အမှုနိုင်အောင်လုပ်ပေးပါ့မယ်"
ရှားစစ်နှစ်သိမ့်ပေးတော့မှ ဦးရဲသွင်တို့စိတ်သက်သာရာရသွားခဲ့သည်။ တစ်ခန်းလုံးရှိလူများလည်း မနက်ကတရားခွင်တွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကြောင့် စိုးထိတ်နေကြသည်။ မတုန်လှုပ်သူကရှားစစ်ပင်။ သူမသိသည်။ လပိုင်းသာကွာသောသူမ၏အမဖြစ်သူ သည်တရားခံဘက်ကို လိုက်ချင်လွန်းလို့လုပ်သည် မဟုတ်။ အဓိကကတော့ သူမကိုကျဉ်းထဲကျပ်ထဲရောက်အောင် သွေးအေးအေးဖြင့်တွန်းပို့နေခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/230225998-288-k328131.jpg)
CZYTASZ
Break the Silence (Completed)
Tajemnica / Thriller~ This is a work of fiction. AltTitle - Whist! "The Hideous Truth, Concealed far too long The time is now. We all need to . . . " Rating: Teens, ages 13+ ( ZG + Uni )