Silence 39: The Pretty Lawyer

376 77 3
                                    

- ZawGyi -

ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ ခိုးယူပေါင်းသင်းသည့်အမှု့-

စီရင်ချက်ချမည့်နေ့ဖြစ်သောကြောင့် စိတ်လှုပ်ရှားလျှက် ရှိသည်။ တရားခံအဖြစ် တရားစွဲဆိုခံထားရသော မောင်အေးချမ်းမှာလည်းဘုရားစာအားတိုးညှင်းစွာရွတ်နေသလိုပင်။ ပရိတ်သတ်များကြားတွင် ထိုင်နေသော မောင်အေးချမ်း၏မိခင်ဖြစ်သူမှာလည်း ဝက်ခြံအတွင်းရှိ မောင်အေးချမ်းကိုစိတ်ပူသောမျက်ဝန်းများဖြင့်ကြည့်ကာ စိတ်အတွင်းမှသားငယ်အား တရားသေလွတ်ဖို့ရာအတွက်ကြိတ်၍ဆုတောင်းနေလေသည်။

တရားသူကြီးခုံနေရာထက်၌ နေရာယူပြီးသော်နှစ်ဖက်ရှေ့နေများအားဝေ့ကြည့်ကာ

"တရားခံမောင်အေးချမ်းသည် မစံပယ်အား အတင်းအဓမ္မခိုးယူပေါင်းသင်းသည်ဟူသော အဆိုအား ရုံးတော်မှအတည်ပြုလိုက်သည်။ ထပ်ဆင့်တွေးမိသည်က အားနွဲ့သောအမျိုးသမီးကို အတင်းလုယူပေါင်းသင်းဖို့ကြံစည်သည့်အပြင် ကိုယ့်ကိုယ်ကိုပါ ထိခိုက်နာကျင်အောင်ပြုလုပ်ကာ အာရုံထွေပြားအောင်ပြုလုပ်သည်ဟူ၍ ထပ်မံသုံးသပ်ယူဆလိုက်သည်"

တရားသူကြီး၏အဆိုအမိန့်ကြောင့် ရှားစစ်မေမျက်နှာတစ်ချက်ပျက်မသွား နှုတ်ခမ်းကွေးရုံလောက် ယောင်ယောင်ကလေးပြုံးလိုက်ပြီးနောက် သူမ၏ရှေ့နေကုတ်အားလက်နှစ်ဖက်ဖြင့်တင်းနေအောင်ဆုတ်ကိုင်လိုက်သည်။

"စီရင်ချက်မချမှတ်သေးခင် နှစ်ဖက်ရှေ့နေများဘာပြောချင်ပါသလဲ?"

"တရားသူကြီးမင်းရှင့် ကျွန်မအမှု့သည် ကိုစီရင်ချက်မချမှတ်ခင်နောက်ဆုံအချိန် တရားလိုမစံပယ်အားမေးခွန်း ၂ပုဒ်မေးခွင့်ပြုပါ တရားသူကြီးမင်းရှင့်. . ."

တစ်ဖက်ကတရားလိုရှေ့နေကြီးအံ့သြသွားသလို တရားသူကြီးမင်းမှခည်း အမှု့လိုက်ရာ၌ ဇွဲကြီးလပြီး ထက်မြက်သွက်လက်တဲ့ ရှားစစ်မေ။ သည်အမှုသည်ကို ဘယ်လိုကယ်ထုတ်သွားပြီး အောင်ပန်းဝင်မည်ကိုသိချင်သေးသည်။

"တရားခံအကျိုးဆောင်ကြီး၏ တောင်းဆိုချက်အားခွင့်ပြုသည်. . ."

Break the Silence (Completed)Where stories live. Discover now