Silence 2: The Culprit Behind the Mask

1.1K 171 9
                                    

- ZawGyi -

၂၀၀၃ ခုနှစ်၊ အေပရယ်လ ၁၆ရက် . . . 

အိမ်သစ်၊ ပတ်ဝန်းကျင်သစ်တွင် နေသားကျခဲ့သည်မှာ လအနည်းငယ်ခန့်ရှိပြီဖြစ်သည်။ ယခုအချိန်တွင်ကျရောက်သောပွဲတော်သည် သင်္ကြန်ပွဲတော်ဖြစ်သည်။ သင်္ကြန်ကာလအခါသမယသည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအခါကာလဖြစ်သည်။

နှစ်သစ်ကူးအခါသမယတွင် နှစ်ဟောင်းမှအကုသိုလ်အညစ်အကြေးများကို သန့်စင်သော သင်္ကြန်ရေအေးဖြင့် ဆေးကြောခြင်းတည်းဟူသော အယူအဆဖြင့်လည်းကောင်း၊ ပူပြင်းသော နွေကာလတွင် အပူသက်သာစေရန်ရည်ရွယ်၍လည်းကောင်း၊ နိုင်ငံတစ်ဝန်း မြန်မာတို့ရေပက်ဖျန်းကစားကြသည်။

ပြည်သူများအားလုံး မဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်အကြိုနေ့မှစ၍ ပျော်ရွှင်စွာ ရေကစားလျက်ရှိရာ ရေ၏အေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်စင်ခြင်းသဘောသဘာဝကြောင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စိတ်ကြည်လင်ချမ်းမြေ့မှု့ကို ရရှိစေသည်။ ထို့အပြင် နှစ်ဟောင်းမှကိုယ်အညစ်အကြေးများ ကင်းစင်လွင့်ပျောက်၍ နှစ်သစ်အတွက်စိတ်သစ်၊ အင်အားသစ်များဖြစ်ပေါ်စေသည်။

သင်္ကြန်မနက်ခင်းတွင် တီဗွီကိုဖွင့်လိုက်သောအခါ မြဝတီရုပ်မြင်သံကြား အစီအစဉ်မှ မနက်၇နာရီခွဲတွင် မြန်မာသီချင်းသံစဉ်များထုတ်လွှင့်နေပြီဖြစ်သည်။ ပွဲဦးထွက်သီချင်းအမည်ကတော့  မန်းတောင်ရိပ်ခို ဖြစ်၍ အဆိုရှင်ခင်မောင်တိုးသီဆိုထားသည်။

ချိုပြုံးရွှင်သော နှမပျိုငယ်
တစ်ကိုယ်လုံးပင်ချောအလှပိုတယ်
မြို့မနဲ့တစ်မိတည်း ဖွားလို့ဆိုတော့မယ်ကွယ်

သင်္ကြန်နံနက်ခင်းနှင့် သင်္ကြန်သီချင်းအလွန်ကိုပင် လိုက်ဖက်လွန်းသည်။ ဒေါ်ခင်ရူပါ တီဗွီဖွင့်ထားခဲ့ပြီး သင်္ကြန်အကြိုနေ့ရောက်ပြီဖြစ်သောကြောင့် အတာအိုးထိုးကာဝရံတာရှိ ခုံမြင့်တစ်ခုပေါ်တွင်တင်ထားလိုက်သည်။

သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိပါတယ်။ သိကြားမင်းကိုစောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည့်အိုးကို အတာအိုးဟု ခေါ်ပါတယ်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်လေ့ရှိကြပါတယ်။

Break the Silence (Completed)Tempat cerita menjadi hidup. Temukan sekarang