လှပလှတဲ့ ရောင်စုံမီးတွေကြားထဲ များပြားလှတဲ့ လူတွေကြားထဲမှာ စိတ်လက်ပေါ့ပါးစွာနဲ့ မြူးကြွမှုတွေနဲ့အတူ ကခုန်နေရတာကို ကျွန်မကြိုက်တယ်။စိတ်ထဲမှာရှိတဲ့ ညစ်ညမ်းမှုတွေအကုန်လုံး ပြေပျောက်သွားသလို။ကျွန်မရဲ့ ခန္ဓာကိုယ်တွေလည်း ပေါ့ပါးလွတ်လပ်နေသလို။အဲ့လို feeling က ကျွန်မအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ လောကစည်းစိမ်ကြီးတစ်ခုပါပဲ။နာရီပေါင်းများစွာ ကခုန်နေရတော့ လူလည်းပင်ပန်းနေချေပြီ။နာရီကို ကြည့်လိုက်တော့လည်း ည (1)နာရီကျော်နေပြီ။ဒီအချိန်လောက်ဆိုရင်တော့ ကျွန်မပြန်သင့်နေပါပြီ။များပြားလှတဲ့ လူအုပ်ကြီးကြားထဲကနေ အတင်းတိုးထွက်ရင်း ခြေလှမ်းတွေက ပြောင်လက်တောက်ပတဲ့ ကျွန်မရဲ့အနက်ရောင်ကားလေးဆီ။ ကားပေါ်ရောက်တာနဲ့ မိုင်ကိုအဆုံးထိတင်လိုက်တယ်လေ။ရှင်းလင်းတဲ့လမ်းပေါ်မှာ တဟုန်ထိုးမောင်းရင်း ကျွန်မကိုလာရိုက်ခတ်တတ်တဲ့ လေအေးတွေကို သဘောကျတယ်။လေအဟုန်ကြောင့် တလွင့်လွင့်ဖြစ်နေတဲ့ ကျွန်မဆံနွယ်တွေရဲ့ ပုံစံကိုလည်းကြိုက်တယ်။စတိုးဆိုင်လေးတစ်ခုရဲ့ ရှေ့မှာတော့ ကျွန်မကားကို ဘရိတ်အုပ်ရင်း ဆင်းလိုက်တယ်။ဆိုင်ထဲမှာလူဆိုတာ သိပ်များများစားစား ရှိမနေ။ကျွန်မလိုချင်တဲ့အရာလေးဝယ်ပြီး ပြန်ထွက်လာတော့ ဆိုင်တံခါးပေါက်ရှေ့မှာတင် ဝင်တိုက်လိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့် လက်ထဲကကိုင်ထားတဲ့ အထုတ်လေးပြုတ်ကျသွားတယ်။ဒေါသက ထောင်းခနဲကို ထွက်သွားတာပါ။
tae---ဒီမှာ လူတစ်ယောက်လုံးလာနေတာ မမြင်ဘူးလား။နင့်မျက်စိ ကန်းနေလား။
Girl---ဒါလေး ဝင်တိုက်မိတာ အဲ့လောက်တောင် ဒေါသထွက်စရာလိုလို့လား။ဘာလဲ ပြုတ်ကျသွားတဲ့ နင့်ရဲ့စားစရာအတွက် ငါလျော်ကြေးပေးရမှာလား။ပြောလေ----ဘယ်လောက်လိုချင်လဲ။
တစ်ဖက်က ပြောနေတဲ့ သူ့ရဲ့ ခနဲ့တဲ့တဲ့ စကားတွေ။
ဒေါသတွေကို ပိုဆွပေးနေသလိုပါပဲ။
ပုံစံကလည်း မိန်းကလေးတန်မဲ့ မတရားမူးနေသည့်ပုံစံ
တကယ်ကို စိတ်ပျက်စရာပါ။
