Double Trouble
Episode 4
ကျွန်မအခုလျှောက်မဲ့လမ်း မပင်ပန်းဘူး။
ရုပ်ကလေးဗန်းပြ အပြောလေးချိုသာယုံနဲ့ လက်ဖျားငွေသီးမဲ့အလုပ်။
ဒါပင်မဲ့ လူတကာရဲ့အထင်မြင်သေးခြင်း မိန်းကလေးတိုင်းရဲ့ ရွံ့ရှာစက်ဆုတ်တဲ့ အကြည့်တွေနဲ့ကြည့်ခံရမဲ့နေရာ။
လူလူချင်းတောင် အဆင့်အတန်းမတူဘူးလို့ ခွဲခြားခံရမဲ့ နေရာတစ်ခုပေါ့။
ကျွန်မ မလုပ်ချင်ဘူး။ဒါပင်မဲ့ အရာရာမှာ စိတ်ခံစားမှုနောက်ကို လိုက်နေလို့မှ မရတာ။
ညီမလေးရဲ့အသက်အတွက် ကျွန်မရဲ့ အရှက်နဲ့ သိက္ခာကို လဲရမှာပဲ။
အရာရာမှာ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရမှာ နိယာမပဲလေ။
ဘာပဲဖြစ်ဖြစ် ညီမလေးအတွက်ပဲ။ပေးဆပ်ရမှာ တန်ပါတယ်။
---------####------------
ကျွန်မ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့အဝတ်အစား
တဖြက်ဖြက် တလက်လက်နဲ့ ရောင်စုံကာလာ ထနေသလို။
အပေါ်ကလက်ပြတ် အောက်က ပေါင်လောက်သာရှိတဲ့ အကျီ င်္။တိုလွန်းတယ်------သိပ်ကို တိုလွန်းတာပါ။
ဖြူ ဖွေးဖွေးပေါ်နေတဲ့ ကျွန်မရဲ့ ပေါင်တံတစ်လျှောက် ခြေသလုံးတွေ။
ရှက်တယ်-----သူများမပြောနဲ့
ကိုယ်တိုင်ဝတ်ထားတဲ့ ကျွန်မတောင် ကိုယ့်ကို ကိုယ် ပြန်ကြည့်ရမှာ ရှက်မိတယ်။
မှန်ထဲကိုတစ်ချက်ကြည့်လိုက်တော့
ရောင်စုံကာလာတွေ ခြယ်ထားတဲ့ ကျွန်မမျက်နှာ
မိတ်ကပ်ဆိုတာ ခြစ်ချလို့တောင်ရတယ်
ကျွန်မရဲ့ နှုတ်ခမ်းသေးသေးလေးမှာလည်း နီရဲရဲ နှုတ်ခမ်းနီတွေက နေရာယူထားသေးတာ။
ကလေးဆန်လွန်းတဲ့ ကျွန်မ မျက်နှာလေးတောင် ပျောက်သွားတယ်။
မှန်ထဲမှာ မြင်နေရတဲ့ ကျွန်မမျက်နှာ
ချောလွန်းတယ်
ခါးလယ်လောက်ရှိတဲ့ ဆံပင်ကို ရိုးရိုးရှင်းရှင်းလေး တစ်လွှာစီးထားတော့ ကျွန်မရဲ့အလှက ပိုပြည့်စုံနေသလို။
