Eposide 5 (Unicode)

87 6 0
                                        

Double Trouble

တဖြတ်ဖြတ်လင်းလက်နေတဲ့ မီးရောင်စုံတွေကြားမှာ မြူးကြွတဲ့သီချင်းသံတွေနဲ့အတူ ကခုန်နေတဲ့ မိန်းကလေးတွေက အမြောက်အများ။

Club ရဲ့ နေရာတော်တော်များများမှာလည်း အတွဲတွေကိုယ်စီ။

အခန်းတစ်ခန်းထဲမှာတော့ စကားများနေကြတဲ့ မိန်းကလေးနှစ်ယောက်။

*ဖြောင်း*

ဖြူ ဖွေးနုဖတ်နေတဲ့ taeရဲ့ ပါးပေါ်မှာ နီရဲတွတ်ပြီး လက်ချောင်းငါးချောင်းရာက အထင်းသား။

သမင်လည်ပြန် ဖြစ်သွားတဲ့ ခေါင်းကို တစ်ဖက်ပြန်လှည့်ရင်း နာကျင်မှုကို အံတုပြီး

tae--*ထွီ* နင့်လက်နဲ့များ ငါ့ပါးကို ရိုက်ရဲတယ်နော်။နင်လို မိန်းမမျိုးရဲ့ အရိုက်ကို ခံရတာ ငါ သေသွားတာထက်ကို ပိုနာကျင်တယ်။

fany လက်က tae ရဲ့ မျက်နှာပေါ် ထပ်ရောက်ရှိသွားပြန်ပြီ။

*ဖြောင်း----------ဖြောင်း*

ဒီတစ်ခါ ရိုက်လိုက်တာက တစ်ချက်တည်းမဟုတ်။

ဘယ်ပြန်ညာပြန် နှစ်ဆင့်ထပ်ရိုက်ပစ်လိုက်တာပါ။

ဖြူ ဖွေးဖွေး tae မျက်နှာမှာ လက်ငါးချောင်းရာတွေ ထပ်ထင်သွားပြန်ပြီ။

သူလည်း ဘယ်ရိုက်ချင်ပါ့မလဲ။

ဒီကလေးမ သိပ်အကြောတင်းလွန်းတယ်။

သူ ရိုက်လိုက်တော့လည်း မျက်လုံးပြူးးလေးနဲ့ သူ့ကို စိုက်ကြည့်နေပြန်ပြီ။

ကျွန်မ မဲ့ပြုံး ပြုံးရင်း သူ့မျက်နှာရှေ့တည့်တည့်ကို တိုးသွားလိုက်တယ်။

သူ့ မျက်နှာနဲ့ မထိခင် 1လက်မလောက်အလိုမှာ ရပ်တန့်လိုက်ပြီး

fany--- ဒါဆို သေလေ သေလိုက်ပေါ့
သူ့နှုတ်ခမ်းပါးက ထွက်ကျတဲ့စကားလုံးတိုင်းက သွေးအေးပြီးရက်စက်တယ်။

သေဆိုတဲ့စကားပြောတာတောင် မျက်နှာက အပြုံးမပျက်။

ကပ်နေတဲ့ မျက်နှာကို သူ့နားက ပြန်ခွာလိုက်ရင်း

fany--ဘာလဲ တစ်ကယ်တမ်းသေခိုင်းတော့ မသေရဲတော့ပြန်ဘူးလား။

သေချင်တာပေါ့။ဒီလို ဘဝနဲ့ ဘယ်သူကများ ပျော်နေနိုင်ပါ့မလဲ။သူလို မိန်းမကလွဲရင်ပေါ့။

Double TroubleWhere stories live. Discover now