Eposide 2 (Unicode)

102 7 0
                                    

ဒေါက်-------ဒေါက်----------ဒေါက်

အိမ်ရှေ့ကတံခါးခေါက်သံကြောင့် sunny တစ်ယောက် အိပ်မှုန်စုတ်ဖွားရုပ်နဲ့ တံခါးထဖွင့်လိုက်သည်။တံခါးဝမှာ မြင်လိုက်ရတာက ရှစ်ခေါက်ချိုးရုပ်နဲ့ ဆူပုတ်ပုတ်ရပ်နေတဲ့ tae။

Sunny----ဘာလဲ ထုံးစံအတိုင်း နင့်အဖေနဲ့ ရန်ဖြစ်လာပြန်ပြီလား။

Tae---ဆိုပါတော့ဟာ

Sunny---နင့်အရွယ်လည်းပြန်ကြည့်ဦး။ငယ်တော့တာမဟုတ်ဘူး။ပြီးတော့ နင်အမြဲတမ်း အဲ့လိုတွေရန်ဖြစ်မနေနဲ့။နင့်အတွက်ကောင်းတာ ဘာတစ်ခုမှမရှိဘူးနော်။

Tae---ငါကလည်း ဖြစ်ချင်လို့ဖြစ်နေတာမှ မဟုတ်တာ။အဖေနဲ့ ငါနဲ့က မျက်နှာချင်းဆိုင်လို့မရတာ နင်လည်းအသိ။ငါ့ကိုဆို အမြဲအပြစ်ပြောဖို့ပဲ ချောင်းနေတဲ့ဟာ။

Sunny---နင့်ဘက်က အလျော့ပေးသင့်တယ်လို့ ငါထင်တယ်။နင့်အဖေ ပြောတာလည်း နင်ကောင်းဖို့အတွက်ပဲ ပြောတာနေမှာပါ။နင့်အဖေနဲ့ ခဏလေးတွေ့ရတုန်းလေးမှာ နင်အဆင်ပြေအောင် နေစမ်းပါဟာ။

ကျွန်မအဆင်ပြေအောင်နေရမှာတဲ့လား?မဖြစ်နိုင်တာ။အဖေက အ်ိမ်မှာအမြဲတမ်းရှိနေတတ်တဲ့ သူတစ်ယောက်မဟုတ်။အမြဲတမ်းအလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာချည်းပင်။အဖေအိမ်မှာရှိတဲ့ရက်ဆိုတာ လက်ချိုးရေလို့ရပါတယ်။ဒီလို တစ်ခါတစ်လေမှ အိမ်မှာရှိတတ်တဲ့အဖေက ကျွန်မနဲ့ပတ်သတ်ပြီး နည်းနည်းပါးပါးတော့ နားလည်ပေးသင့်တယ်မဟုတ်ဘူးလား။အပြင်က ပြန်လာတိုင်း အပြစ်ပြောဖို့ပဲ ကျွန်မကို စောင့်ဆိုင်းနေတတ်တဲ့ အဖေနဲ့ ဘယ်လိုများအဆင်ပြေအောင် နေရပါ့မလဲ။

Tae---တော်ပါတော့ဟာ။နားငြီးလိုက်တာ။အိမ်မှာ ပြသနာတတ်လို့ နင့်ဆီလာပါတယ်ဆို နင်ကပါ စိတ်ညစ်အောင် လာလုပ်နေတယ်။ဘေးကနေ သာလိကာလို ပေါက်ပေါက်ဖောက်မနေနဲ့။ငါအိပ်ချင်ပြီ။သွားအိပ်တော့မယ်။

sunny---မပြောတော့ပါဘူး။သွား အိပ်ပါတော့။နင့်အခန်း အဆင်သင့်ပဲ။

taeက သူ့အ်ိမ်နဲ့ ပြသနာဖြစ်တိုင်း sunny အိမ်ကို ဆင်းလာနေကြပါ။ဆင်းလာတဲ့ အရေအတွက်က မရေတွက်နိုင်တော့။ဒါကြောင့် sunny အိမ်မှာ taeအတွက် သီးသန့်အခန်း တစ်ခန်းတောင် ရှိနေပြီလေ။ငယ်ငယ်လေးထဲက ပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုတော့လည်း ပြောမနာဆိုမနာတွေ။sunny က တစ်ယောက်ထဲနေတဲ့သူဆိုတော့ tae အတွက်အဆင်ကိုပြေလို့။

Double TroubleWhere stories live. Discover now