Eposide 3(Unicode)

90 9 0
                                        

Double Trouble

*ဈာပနာ အခမ်းအနားကြီးတစ်ခု*

ပြုံးရောင်သန်းနေတဲ့ အဖေ့ရဲ့ဓာတ်ပုံရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီး အသံမထွက်ပဲ အမေငိုကြွေးနေရှာတယ်။ကျွန်မရဲ့ရင်ခွင်ထဲမှာ အားကိုးတကြီးတိုးဝင်ရင်း ငိုကြွေးနေရှာတဲ့ ကျွန်မ ညီမလေး။ကျွန်မကတော့ ငိုချင်စိတ်ကို အံတင်းတင်းကြိတ်ရင်း ဖယ်ထုတ်နေရတယ်။

ကျွန်မ မငိုဘူး-------ဟုတ်တယ်----ကျွန်မလုံးဝ မငိုဘူး

ကျွန်မ မျက်လုံးက မျက်ရည်ဆိုတာ ထွက်ကိုမကျလာစေရဘူး

ရုတ်တရက် ဝင်ရောက်လာတဲ့ အမဲရောင်ဝတ်စုံနဲ့ လူအုပ်ကြီးတစ်စု

Man----Mr.Kim ------ ဘယ်မှာလဲ ------ Mr.Kim

ကြားလိုက်ရတဲ့အသံက နားထဲကို ဟိန်းပြီးတော့ကို ဝင်ရောက်သွားတာပါ။လူတွေအားလုံးကလည်း လူမိုက်ပုံစံတွေ။ကျွန်မ ထလိုက်တယ်။ပြီးတော့ အော်နေတဲ့ လူကြီးဆီလျှောက်သွားပြီး

Tae---- ဒါ ကျွန်မအဖေရဲ့ ဈာပနာအခမ်းအနားပါ။ရှင်တို့ရှာနေတဲ့ Mr.Kimဆိုတာ ကျွန်မအဖေပါပဲ။ဒီအခမ်းအနားကို တတ်ရောက်တာဆိုရင်တော့ အေးအေးဆေးဆေး ဟိုဘက်မှာ သွားစားသောက်လို့ရပါတယ်။

Man----အော် မင်းက Mr.Kimရဲ့သမီးကိုး။မင်းအဖေ သေတာ ရှင်တာတွေ ငါတို့စိတ်မဝင်စားဘူး။ငါတို့အခုလာတာ မင်းအဖေရဲ့အကြွေးတွေကို လာတောင်းတာ။သူ ငါတို့ကိုရွေ့နေတာတော်တော်ကြာပြီ။ဒီနေ့မှာ အကြွေးတွေအကုန်ချေမယ်ဆိုလို့ လာခဲ့တာ။

အကြွေး???

ကျွန်မတို့လည်း ဘာမှမသိခဲ့ရပါလား

အကြွေးဆိုတဲ့စကားကြောင့် tae's ommaလည်း ခေါင်းထာင်လာသည်။

Mrs.Kim----ကျွန်မ ယောကျာင်္းက ချေးခဲ့ပါတယ်ဆိုတဲ့ သက်သေခိုင်လုံချက် ရှင်တို့မှာဘာရှိလို့လဲ။

Man----haha သိပ်ရှိတာပေါ့ဗျာ

ခေါင်းဆောင်လို့ယူဆရတဲ့လူကြီးက အနောက်က သူ့တပည့်ဆီကို လှမ်းတောင်းလိုက်သည်။အဲ့လူကြီးလက်ထဲမှာ ပါလာတာက စာရွက်အထပ်လိုက်

Man---ဒီမှာ ခင်ဗျားယောကျာင်္းချေးခဲ့ပါတယ်ဆိုတဲ့ စာရွက်စာတမ်းတွေ။ပြန်ဆပ်ရမဲ့ နေ့ လ ရက် အတိအကျပါပြီးသား

Double TroubleWhere stories live. Discover now