Eposide 8 (Unicode)

289 8 2
                                        

Double Trouble

အရင်​အချိန်​တွေကို ပြန်​သွားလို့ရရင်​သွားချင်​တယ်​။omma​ဘေးနားမှာ က​လေးတစ်​ယောက်​လို ချွဲပြီး ပြုံး​ပျော်​နေတတ်​တဲ့ ညီမ​လေးရဲ့ မျက်​နှာကို ပြန်​မြင်​ချင်​မိတယ်​။အမြဲ ဂျစ်​ကန်​ကန်​နဲ့ ဆိုးသွမ်း​နေခဲ့တဲ့ သူ့ပုံစံကို​ပြောင်းပြန်​လှန်​ပြီး​ပြောင်းလဲပစ်​မယ်​။တစ်​ခါတစ်​လေမှ​တွေ့ရခဲတဲ့ appa နဲ့အတူ စကား​တွေ တစ်​ဝကြီး ထိုင်​ပြော​နေခဲ့ချင်​တယ်​။ဒါ​တွေ အားလုံးဟာ မဖြစ်​နိုင်​တော့တဲ့ စိတ်​ကူးယဉ်​သက်​သက်​အိပ်​မက်​တစ်​ခုလိုသာ သိခွင့်​ရတဲ့အခါ ရင်​ဘတ်​တစ်​ခုလုံး စုတ်​ပြတ်​သတ်​တယ်​။ကိုယ်​ဆိုးလို့ ကိုယ်​ခံရတာဆိုတဲ့ တန်​ပြန်​သက်​ရောက်​မှုကို မုန်းတီးမိတယ်​။ဘုရားသခင်​က အပြစ်​တွေကို ကိုယ်​စားခံယူ​ပေးတယ်​ဆိုတာလည်း စကားလုံးသက်​သက်​များလားလို့ ငရဲအကြီးခံပြီး မယုံကြည်​စွာနဲ့​တွေးမိပြန်​တယ်​။

Yoona - unnie 😁 saeng​ရေ​သောက်​ချင်​တယ်​

Yoona ရဲ့​ခေါ်သံ​ကြောင့်​tae အ​တွေးစ​တွေ ရပ်​တန့်​သွားရတယ်​။

​ဘေးနားက စားပွဲ​ပေါ်က​ရေကို ဖန်​ခွက်​လေးတစ်​ဝက်​လောက်​ထိ ထည့်​ပြီး yoona ရဲ့ ပါးစပ်​နား​လေးထိကပ်​ကာ တိုက်​လိုက်​သည်​။

Tae -​ရေဆာ​ပြေရဲ့လား? ထပ်​သောက်​ချင်​သေးလား?

Yoona - ဟင့်​အင်း ☺​တော်​ပါပြီ unnie။ မ​သောက်​ချင်​တော့ပါဘူး

Tae - အာ ဒါနဲ့ ညီမ​လေး ကြိုက်​တဲ့ ပီဇာဝယ်​ထားတယ်​။ခုမှ နိုးလာတာဆို​တော့ ဗိုက်​ဆာ​နေ​ရော​ပေါ့။ unnie ခွံ့​ကျွေးမယ်​နော်​။

Yoona - omma လည်း saeng ကို အမြဲ အဲ့လို ခွံ့​ကျွေးခဲ့တာ 😁 ကမ္ဘာ​ပေါ်က ပီဇာ​တွေ အားလုံးထက်​ကို အရသာ ပိုရှိခဲ့တာ​ပေါ့ 😄 unnie အခုလို ခွံ့​ကျွေး​တော့လည်း အရမ်းစားလို့​ကောင်းတာပဲ 😁 saeng တစ်​ယောက်​တည်း စား​ရတဲ့အရာရာတိုင်းက​ပေါ့ရွှတ်​ရွှတ်​နဲ့ အရသာ မပြည့်​စုံဘူး unnie ရယ်​😞

ရယ်​မော​ပျော်​ရွှင်​နေခြင်းက​နေ ညိုးငယ်​တဲ့ မျက်​နှာဆီကို တဖြည်းဖြည်း​ပြောင်းလဲသွား​သော yoona မျက်​နှာကို ကြည့်​ပြီး tae​ပြောစရာ စကား​တွေ​ခေါင်းထဲမှာ စာစီ​နေဆဲ။နှုတ်​ခမ်းများက​ကော်​ကပ်​ထားတဲ့သည့်​အလား ဘာတစ်​ခုမှ ထွက်​အံကျလာခြင်း မရှိ​သေး။သူမသိခင်​မှာပဲ မျက်​ဝန်းထဲက ထွက်​ကျလာတဲ့ မျက်​ရည်​စက်​ဟာ ပါးပြင်​ကတစ်​ဆင့်​လက်​ဖမိုး​ပေါ်ကိုအကျမှာ အဆုံးသတ်​သွားခဲ့သည်​။

Double TroubleWhere stories live. Discover now