Eposide 7 (Unicode)

106 7 0
                                        

Double Trouble

​မှောင်​မဲ​နေတဲ့ အခန်း​ထဲက လိုက်​ကာကို fany ဆွဲဖယ်​လိုက်​တော့ စူးရှရှ လင်း​ရောင်​ခြည်​က tae မျက်​နှာကို သွားထိသည်​။

​နေ​ရောင်​ခြည်​မျက်​နှာထိုး​နေတာ​တောင်​လက်​နဲ့ကာထားရင်း အု အု အ အ နှင့်​အတင်းကြိတ်​မှိတ်​အိပ်​နေသဖွယ်​ရှိတဲ့ tae ရဲ့ပုံစံက က​လေးတစ်​ယောက်​သဖွယ်​။

fany က လိုက်​ကာကို အဆုံးထိ ဆွဲတင်​လိုက်​တော့​နေ​ရောင်​ခြည်​က အခန်းတစ်​ခုလုံးအနှံ့ ကျ​ရောက်​သွားသည်​။

ဘယ်​လိုမှ ဆက်​အိပ်​မရ​တော့တဲ့ tae တစ်​ယောက်​မျက်​လုံးနှစ်​ဖက်​ကို လက်​နဲ့ပွတ်​ရင်း မျက်​လုံး​လေးမပွင့်​တပွင့်​နဲ့ ဆိုဖာ​ပေါ်​ထ ထိုင်​လိုက်​သည်​။ခုချိန်​ထိ လက်​နှစ်​ဖက်​နဲ့ မျက်​လုံးကို ပွတ်​နေတုန်း။

Fany က​အေး​ဆေးတည်​ငြိမ်​စွာ tae ရဲ့မျက်​နှာချင်းဆိုင်​မှာ ဝင်​ထိုင်​လိုက်​ရင်း

Fany - နင့်​အတွက်​ယူလာတဲ့ မနက်​စာကို စားလိုက်​ပါ။ပြီးရင်​မျက်​နှာ​ပေါ်မှာ ကျန်​နေ​သေးတဲ့ ဒဏ်​ရာ​တွေကို​ပျောက်​အောင်​လုပ်​ပြီး ဒီညအတွက်​ပြန်​အား​မွေးထားပါ။ နင်​ဒီည အလုပ်​ပြန်​လုပ်​ရလိမ့်​မယ်​။

​tae သူ့ရဲ့ တည့်​တည့်​မှာ ထိုင်​နေတဲ့ fany ကို ကြည့်ရင်း​မချိပြုံး အပြုံးတစ်​ခု ပြုံးလိုက်​မိသည်​။ပြီး​တော့မှ fany မျက်​နှာကို စူးစူးစိုက်​စိုက်​ကြည့်​ရင်း

tae - ငါ နင့်​ကို မလုပ်​နိုင်​တော့ဘူး​လို့​ပြောပြီုးပြီ​လေ။ နင်​လူစကား​တော့ နည်းနည်း နားလည်​သင့်​တာ​ပေါ့။

Fany ဟက်​ဟက်​ပက်​ပက်​တစ်​ချက်​ထရယ်​လိုက်​ပြီး မတ်​နေတဲ့ ခန္ဓာကိုယ်​ကို ဆိုဖာ​နောက်​ပေါ် မှီချလိုက်​သည်​။ပြီး​တော့ လက်​ညှိုး​လေးတစ်​ချောင်းနဲ့ သူ့ မျက်​နှာကို တို့ရိုက်​နေပြီး မျက်​လုံးအစုံကိုလည်း မှိတ်​ကာ စဉ်းစား​နေသ​ယောင်​ပြု​နေလိုက်​သည်​။

အတန်​ကြာ​တော့မှ မျက်​လုံးများ ပြန်​ပွင့်​လာပြီး

Fany - နင်​က​တော်​တော်​တော့ လက်​ပေါက်​ကပ်​တဲ့ ဟာ ပဲ​နော်​။ အမှန်​ဆို လူ စကား နားမလည်​တာက နင်​။ ဒီ​နေရာက နင်​ဝင်​ချင်​တိုင်းဝင်​ထွက်​ချင်​တိုင်းထွက်​လို့ မရတဲ့​နေရာဆိုတာ ငါ​ပြောပြီးသားပါ။ မှတ်​ညဏ်​ကောင်းမယ်​ဆိုရင်​တော့ မှတ်​မိ​ကောင်းပါရဲ့။ နင့်​ပုံစံကြည့့်​ရတာ​တော့ အဲ့​လောက်​ထိ နထူပထူ နိုင်​တဲ့သူ​တော့ မဟုတ်သေး ပါဘူး​လေ။

Double TroubleWhere stories live. Discover now