Eposide 6 (Unicode)

96 7 0
                                        

Double Trouble

fany အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ အရာက သူ့မျက်နှာက အပြုံးတွေကို ဖန်တီးပေးလိုက်ပြန်ပြီ။ဒီကောင်မလေးနဲ့မှတွေ့မှ သူ ခဏခဏပြုံးနေရပါလား။ကြီးမားတဲ့ ဆိုဖာခုံကြီးပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ သူ့ပုံစံ။ကလေးလေးတစ်ယောက် တတ်ပြီး အိပ်နေသယောင်။တကယ့်ကို အပြစ်ကင်းလှတဲ့ သူ့မျက်နှာလေး။တစ်ခါတစ်ခါ ဂျစ်ကန်ကန်နိုင်တတ်တာလေးက လွဲရင်ပေါ့။မျက်နှာပေါ် ဝဲကျနေတဲ့ သူ့ဆံပင်တွေကိုသတ်တင်ပြီး ယူလာတဲ့ရေခဲလေးနဲ့ မျက်နှာကိုထိကပ်ပေးလိုက်တော့ အေးစက်တဲ့အထိအတွေ့ကြောင့် ထင်ပါရဲ့။ကလေးလေးတစ်ယောက်လို အိပ်မှုန်စုတ်ဖွားပုံစံလေးနဲ့ နိုးလာတယ်လေ။

tae ထထိုင်လိုက်ပြီး fany လက်ထဲမှာ ကိုင်ထားတဲ့ ပုဝါနဲ့ထုတ်ထားတဲ့ ရေခဲထုတ်လေးကို လှမ်းတောင်းလိုက်သည်။

tae---ငါ့ဘာသာ လုပ်ပါ့မယ်။ငါ့ကို ရေခဲသာ ပေးပါ။

ဒီကောင်မလေး တကယ်ကို အချိုးမပြေတာပါ။တောင်းနေတဲ့ပုံကိုက ဂျစ်ကန်ကန်မျက်နှာထားနဲ့။စေတနာနဲ့ လုပ်ပေးနေရင် ငြိမ်ခံလိုက်ပေါ့။ဘာလို့များ စောဒက တတ်နေရတာလဲ။တကယ်ကို စေတနာနဲ့ မတန်နဲ့ ဟာလေးပါ။ကျွန်မဆိုတာကလည်း ခေသူမှ မဟုတ်တာ။သူပြောတိုင်းပေးလိုက်ရအောင် တစ်ခြားသူရဲ့ စကားတွေကို နာခံတတ်သူမဟုတ်။

ဒီတော့ ညစ်ကျယ်ကျယ် အပြုံးတစ်ခုကိုပြုံးရင်းး

fany---ငါလုပ်ပေးနေတယ်လေ။မမြင်ဘူးလား။နင် ဒီတိုင်းငြိမ်ခံနေလိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ။

သူပြုံးတတ်တဲ့-----အဲ့ဒီ့အပြုံးးး

သူ ပြောတတ်တဲ့ ခပ်ကြမ်းကြမ်းစကားလုံးတွေ---

ကျွန်မနားထဲ ချိုသာစွာ ဝင်သွားတာ ဘာတစ်ခုမှမရှိ။လူကို အရုပ်တစ်ခုလို။နှိပ်စက်ချင်တဲ့အချိန် နှိပ်စက်မယ်။ဆေးပေးချင်တဲ့အချိန် ပြန်ပေးမယ်။ဒါက သူ့ရဲ့ ဗီဇများလား??

လူတစ်ယောက်အပေါ် သိပ်စိုးမိုးခြယ်လှယ်လွန်းပါတယ်။

ကျွန်မပါးပေါ် ခပ်ကြမ်းကြမ်းလာထိလိုက်တဲ့ အေးခဲတဲ့ အထိအတွေ့။

Double TroubleWhere stories live. Discover now