2

4.6K 505 26
                                    

ဆော့ဂျင်ရဲ့တက်ကြွမှုတွေ ၊ အပြုံးတွေ ၊
စနောက်နေတက်မူတွေပျောက်ဆုံးကုန်တာ
လက်ထက်ပြီးကထဲဖြစ်မည်။

အခုတလော
အပြုံးတွေကအသက်မဝင်တော့သလို
အမြဲနွမ်းလျနေပုံပေါ်ကာ ၊ ခေါင်းကိုခဏခဏ ဖိကိုင်ထားတက်သည်မို့ သူစိုးရိမ်လာမိသည်။

"ဂျင် အဆင်ပြေရဲ့လား"

ဆိုင် ယူနစ်ဖောင်းကိုလဲရင်း ဆော့ဂျင်နားရပ်ကာ မေးမိတော့ ဖျော့တော့တော့အပြုံးလေး
ပြုံးပြလာတဲ့ဆော့ဂျင်က ခေါင်းသာငြိမ့်ပြလာသည်။

ဟင်းအင်း။
သူလိမ်နေတာ ၊
ကလေးဘဝထဲကမိဘမဲ့ကျောင်းမှာ
အတူနေလာခဲ့တာမို့ ၊ သူဆော့ဂျင်အကြောင်း
သူနောကြေနေပြီဖြစ်သည်။

အဆင်မပြေလဲ ဘယ်တော့မှထုပ်မပြောတက်သလို ၊ အမြဲလိုလို ခံစားချက်ကို ဖုံးကွယ်ထား တက်တာ။

သူလဲ အနေများပြိး ထိုအကျင့်ကူးသွားသည်ထင်၊ ကိုယ်ချစ်နေတဲ့လူတယောက်ကို
ထုတ်မပြောမိသလို ၊
ထိုလူကအခြားလူနဲ့ လက်ထပ်
သွားသည်ကိုလဲ ဘာမှမဖြစ်သလို နေပြခဲ့မိသည်။

နှလုံးသား တခုလုံးတော့
အစိတ်စိတ်အမွာအမွာ ကြေကွဲနေလျက်ပေါ့။

နဖူးပေါ်လက်တင်ကာစမ်းမိပါသည်
အဖျားများရှိနေမလား၊ ကိုယ်နွေးသလိုရှိပေမယ့် အဖျားတော့မဟုတ်လောက်။

"ငါအဆင်ပြေပါတယ် ထယ်ယောင်းရာ
အလုပ်လုပ်ရအောင်"

ဆော့ဂျင်အဆင်မပြေနေမှန်းသိပေမယ့်
ဘာမှဆက်မမေးမိတော့ပါ။
ဆော့ဂျင်ပြောဖူးသည် အလုပ်လုပ်နေရင်
စိတ်ညစ်တာတေ‌ွခဏမေ့ပျောက်သွားတယ်
ဆိုတ‌ဲ့စကားကြောင့်
မှန်စားပွဲများကိုတိုက်ကာ အလုပ်ထဲ အာရုံစိုက်နေ သူကို လွ‌ှတ်ပေး ထားလိုက်သည်။

အမှန်ဆို ဂျွန်ဂျောင်ကု
ဆိုသော ကြီးကြီးတက်ချမ်းသာတဲ့သူရဲ့ခင်ပွန်းက ဒီလိုအချိန်ပိုင်းတွေလုပ်ရန်မလိုအပ်ပါ။

သို့ပေမယ့်
ဆော့ဂျင်ကို ပိုင်းလုံးဟု စွတ်စွဲကာ အမြဲနိမ့်ချ
ပြောဆိုတက်သော ဂျောင်ကုကြောင့်
လက်ထက်ပြီးတော့လဲ အရင်အတိုင်းအလုပ်ကိုဆက်လုပ်နေခဲ့သည်။

May I Love U..? ☑️ Completed Hikayelerin yaşadığı yer. Şimdi keşfedin