At The Moment 🍁(oneshot)

179 37 2
                                    

Zawgyi

"နင်နဲ့ငါ ပြတ်ပြီ Yibo နင်ကငါ့ကိုဘယ်တော့မှအချိန်မပေးဘူး နင့်အလုပ်တွေနဲ့ပဲရှူပ်နေတာ ငါလည်းငါ့ကိုအချိန်မပေးနိုင်တဲ့လူကို ဆက်မတွဲချင်တော့ဘူး"

Starbucks ကော်ဖီဆိုင်ရဲ့ ထောင့်ကျကျဝိုင်းတစ်ခုက ထွက်လာတဲ့ ထိုအော်သံက ဆိုင်ထဲကလူတွေရဲ့ အာရုံစိုက်မှုကို အပြည့်အ၀ ဖမ်းယူသွားသည်

"Xing ကိုယ်တောင်းပန်ပါတယ် နောက်ဆိုမင်းအတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ့မယ်ကွာ"

ကောင်လေးဖြစ်သူထံက ထွက်လာတဲ့စကားသံဖြစ်တယ် အားလုံးကလည်း ခပ်စိပ်စိပ်ပဲ အခြေအနေကို မသိမသာစောင့်ကြည့်နေကြတယ်

"တော်ပြီ ငါ့သည်းခံနိုင်စိတ်ကလုံးဝကုန်သွားပြီ ငါနဲ့ထပ်မပတ်သက်ပါနဲ့တော့ ပျော်ရွှင်ပါစေWang Yibo"

ကောင်မလေးကဖြစ်သူကဆိုင်ထဲကထွက်သွားပြီးတဲ့နောက်မှာ ကော်ဖီဆိုင်ကလည်းပုံမှန်အတိုင်းပြန်ငြိမ်သက်သွားတယ် အချို့ကတော့ ထိုကျန်ခဲ့တဲ့ ကောင်လေးကို ကွက်ကြည့်ကွက်ကြည့်နဲ့ အကဲခတ်နေသည်

Yiboမျက်လုံးကိုမှိတ်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည် ထို့နောက် ပိုက်ဆံရှင်းပြီးဆိုင်မှထထွက်လာခဲ့သည် သူStarbucksဆိုင်ကိုဘယ်တော့မှထပ်မသွားတော့ပါ...

ဝမ်းနည်းနေတဲ့စိတ်ကို အားတင်းပြီး Oxford Streetကplatformလေးအတိုင်း လျှောက်လာခဲ့သည်

အဲ့အချိန်မိုးရာသီရဲ့ ရှေ့ပြေးမိုးလေးက တဖွဲဖွဲကျလာတယ် Yiboကောင်းကင်ကိုမော့ကြည့်ပြီး ခပ်ဟဟရယ်လိုက်သည်

Xing- "မိုးရွာဖို့စောလွန်းသေးတယ်နော် Juneပဲရှိသေးတယ်"
Yibo- "ဟုတ်တယ် မိုးပြေးလေးပဲ"
Xing- "ဆောင်းရာသီမှာကျတတ်တဲ့ First snowက ဆုတောင်းရင်ပြည့်တတ်သလို အခုFirst rainမှာကိုယ်နဲ့ တူတူရှိဖူးတဲ့လူက ကိုယ့်လက်တွဲဖော်ဖြစ်လာနိုင်တယ်တဲ့"
Yibo-"အာ့ဆို ကိုနဲ့Xingက တစ်သက်လုံးမခွဲရတော့ဘူးပေါ့"
Xing-" အင်းပေါ့ကိုရဲ့"

မေ့ချင်လည်းမေ့မရတဲ့ အမှတ်တရအချို့က မှတ်ဉာဏ်ထဲမှာ အစီအရီပုံဖော်လာသည်

ကျန်ခဲ့သူနဲ့ချန်ခဲ့သူ- နှစ်ယောက်လုံးခံစားရတာချင်းတူပေမယ့် ချန်ခဲ့သူကိုယ့်အပေဲါပုံချခဲ့သည့် အပြစ်တွေက သူ့ကိုယ်သူလိပ်ပြာမလုံသလို ခံစားရစေသည်
"ကိုယ့်ပျက်ကွက်မှုကြောင့်တစ်နှစ်ကျော်တွဲလာခဲ့သည့်လက်တွဲဖော်နဲ့ လမ်းခွဲရသည်" ဆိုတဲ့အသိက ရင်ထဲနင့်နေအောင်ထိုးနှက်နေသည်
ပထမဆုံးအသည်းကွဲခြင်းက သူ့ကိုဖြည်မဆည်နိုင်တဲ့နောင်တအချို့နဲ့အတူ ပေါင်းဖက်ခြင်းကို မယုံကြည်တော့တဲ့ အစွန်းရောက်လူတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးလိုက်သည်

You've reached the end of published parts.

⏰ Last updated: Jun 26, 2020 ⏰

Add this story to your Library to get notified about new parts!

At The Moment(oneshot)Where stories live. Discover now