Zawgyi
မျက်လုံးမှိတ်ထားပေမယ့်လည်း
အလင်းတန်းစူးစူး တစ်ခုက
ဖောက်ထွင်းဝင်လာသည် ။ အနံ့သက်
သည်လည်း ယဉ်ပါးနေကျမဟုတ်
သည့်အတွက် Taehyung
တစ်နေရာရာ ရောက်နေမှန်းသိ
လိုက်သည် ။ အသိတရားကပ်ချိန်
မျက်လုံး ဖွင့်ကြည့်မိရာ မျက်နှာကျက်
တွင် ထွန်းထားသော မီးအရောင်
ကြောင့် မျက်လုံးက ကျိန်းစက်
သွားရသည် ။ Taehyung မီးဖွင့်
ရက်သားနဲ့ မအိပ်တတ်တဲ့သူဖြစ်လို့
သူ့အခန်းမဟုတ်ဘူးဆိုတာ မျက်လုံး
မဖွင့်သေးပေမယ့် သူပြောနိုင်သည် ။မျက်လုံးဖွင့်ကြည့်မိရာ အဖြူရောင်ဆေး
သုတ်ထားသော နံရံပတ်ပတ်လည်
ဖြစ်နေသည့်အတွက် သူဆေးရူံ
ရောက်နေတာ သိလိုက်တော့သည် ။" ငါ မသေသေးဘူးပဲ "
ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်ရာ
ညာဘက်လက်ခမိုးတွင် ဆေး
သွင်းထားသော ပိုက် ၊ ညက
ထိုးခံရတဲ့ နေရာကို လက်နဲ့စမ်း
ကြည့်လိုက်တော့လည်း သိပ်မနာတော့ ။
ဒီလို ဒဏ်ရာမျိုးဆိုတာ သူ့အတွက်
အထူးအဆန်းမဟုတ် ။" Taehyung နိုးပြီလား "
Toilet ခန်းထဲကနေထွက်လာသော
Jungkook က Taehyung
ကို စကားလှန်းပြောလိုက်သည် ။" အေး ...အခုပဲနိုးတာ
ညကဘာဖြစ်ခဲ့တာလဲ "Jungkook လည်းTaehyung
ကုတင်ရဲ့ ဘေးနားက Sofa တွင်
ထိုင်လိုက်ကာ" ဖြစ်သွားတာတွေတော့ အစုံပဲ
ညက ငါမင်းနဲ့ဖုန်းပြောနေရင်း
ရုန်းရင်းစံခတ်ဖြစ်သံကြားလို့
ငါလာကြည့်တယ် ရောက်လာတော့
မင်းသွေးအိုင်ထဲလဲကျနေတယ်
ပြီးတော့ မင်းဆေးရုံရောက်လာတာပဲ
နောက်ပြီး Soekjin ကမင်းအတွက်
လိုတဲ့ သွေးကိုသူပေးခဲ့တယ် Taehyung "" ငါ့အတွက် သွေးပေးခဲ့တယ်
ဟုတ်လား "" ဟုတ်တယ် Taehyung
ညက ငါမင်းဆီလာတော့ သူလဲပါတယ် "" ဘာလို့ခေါ်လာတာလဲကွာ
ငါအဲဒီလိုပုံစံမျိုးဖြစ်နေတာ Soekjin
ကိုမတွေ့စေချင်ဘူး "" ငါလဲတားတာပါပဲ ဒါပေမဲ့
မင်းလူကိုက အတင်းလိုက်မယ်
ခွင့်တောင်းတာလေ ခေါင်းမာ
တယ်သူက "
![](https://img.wattpad.com/cover/227817367-288-k963772.jpg)
YOU ARE READING
My Lovely Demon
Fanfictionမင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ Taejin , Jikook , Sope 💜 မင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ