Episode 19

2.4K 269 7
                                        

Zawgyi

Taehyung Soekjin ရဲ့ဆိုင်တွင်
မနက်စာစားပြီး ပြန်အလာ လမ်းတွင်
ကားက မီးပွိုင့်မိနေတာကို စောင့်နေသည် ။
ဘာရယ်မဟုတ်ပဲ မျက်လုံးက ဘေးဘယ်ညာ
ကစားမိတော့ သူ့ဘေးကကားထဲတွင်
Kim Namjoon ၏ညီမဖြစ်သူကို
တွေ့လိုက်ရသည် ။ အမှန်ဆို ဒီမိန်းကလေးနဲ့
ဟိုတစ်ခါပြသာနာဖြစ်ပြီးကတည်းက
မတွေ့ဖြစ်တော့ ။ တွေ့စရာအကြောင်းဟူ
သည်လည်းမရှိပါ ။ ဒါပေမဲ့ အခုကျတော့
တွေ့ဖို့အကြောင်းက ဖန်လာလေပြီ ။
အမှန်ဆို Taehyung ကဆိုင်ကို
သွားမှာမှန်ပေမယ့် ဆက်မသွားတော့ပဲ
ထိုမိန်းကလေးသွားရာ ကားနောက်ကို
လိုက်လာမိသည် ။ Kim Namjoon
အကြောင်းကိုလည်းပြောပြချင်တာ
ပါသည် ။

အရှေ့က ကားနောက်ကိုလိုက်နေရင်း
သူ့ရဲ့ Car Back မှန်ကိုကြည့်မိတော့
သူနဲ့ မလှမ်းမကမ်းကနေ Hyundai
ကားအမည်းတစ်စီးက ကပ်ပါလာသည် ။
သူ့နောက်ကို နောက်ယောင်ခံလိုက်နေတယ်
ဆိုတာ ဟုတ် မဟုတ် စမ်းသပ်ချင်လို့
သူ့ကားကို လမ်းဘေးညာဘက်ချမောင်းပြီး
အရှိန်လျှော့ချလိုက်သည် ။ ထိုအခါမှ
Hyundai ကားက သူ့ကားကိုကျော်
တက်သွားတော့သည် ။ Taehyung လည်း
ထိုမိန်းကလေးကားကို မျက်ခြေမပျက်
ဆက်လိုက်နေသလို စောနက သူ့ရှေ့က
ကျော်တက်သွားသော Huyndai
ကားလည်း သူ့ရှေ့မလှမ်းမကမ်းတွင်
ဆက်မောင်းနေဆဲ ။

" ဟိုကားက ခုထိရှိနေသေးပါလား "

Taehyung တဖြေးဖြေးနဲ့ ထိုကားကို
သံသယဝင်လာသည် ။ သူ့လိုပဲ ထိုမိန်းကလေး
ရဲ့ကားနောက်ကို လိုက်နေတာများလားလို့လဲ
စိတ်ကထင်လာသည် ။ ဒါကြောင့်သူ့ကားကို
အရှိန်ထပ်လျှော့ချလိုက်ပြီး Hyundai
ကားမမြင်နိုင်တဲ့ ခပ်ဝေးဝေးအကွာအဝေးက
နေပဲ လိုက်လာတော့သည် ။ ခပ်ဝေးဝေးက
နေလိုက်နေရင်း မိန်းကလေးရဲ့ကားက
ညာဘက်လမ်းကိုကွေ့သွားတော့ Hyundai
ကားလည်းညာဘက်သို့လိုက်ကွေ့သည် ။
Taehyung အထင်မမှားနိုင်တော့။
ထိုကားသည် မိန်းကလေးရဲ့ကားနောက်ကို
နောက်ယောင်ခံလိုက်နေတဲ့ကားပင်ဖြစ်
သည် ။ Taehyung လည်းညာဘက်
သို့ကွေ့ပြီးဆက်လိုက်တော့ အဆောက်အဦး
တစ်ခုရဲ့ မြေအောက်ကားparking ထဲကို
ဝင်သွားတော့သည် ။ Taehyung လည်း
Car Parking ထဲဝင်သွားပြီး
လွတ်တဲ့တစ်နေရာတွင် ကားထိုးလိုက်ကာ
လူကအပြင်ထွက်လာလိုက်သည် ။

My Lovely DemonWhere stories live. Discover now