Zawgyi
ကုတင်ပေါ် တွင် ငြိမ်သက်စွာ အိပ်စက်နေသော
ချစ်ရသူကိုကြည့်ပြီး Soekjin စိတ်ထဲမကောင်း
ဖြစ်မိသည် ။ အတိတ်က ဘယ်လိုဖြစ်ရပ်မျိုး
တွေကြုံတွေ့ခဲ့ရလို့ အခုလိုမျိုးသတိမဲ့တဲ့
သူတစ်ယောက်လိုမျိုး ဖြစ်သွားရတာလဲ ။
Taehyung လေး သတိမေ့လဲခါစက
ဆို သူဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ။
နောက်ဆုံးTaehyung အခုလိုဖြစ်တတ်
တယ်ဆိုတာ တစ်ယောက်ယောက်များ
သိမလားဆိုတဲ့ စိတ်ကူးနဲ့ Taehyung
ဖုန်းကိုဖွင့်ကာ Contact တွေလိုက်ရှာ
သောအခါ Hyung လို့မှတ်ထားတဲ့သူ
Contactတစ်ခုကိုဖုန်းဆက်လိုက်သည် ။ထင်တဲ့အတိုင်းပင် ထိုလူသည်
Taehyung အဲလိုဖြစ်တတ်တဲ့
အကြောင်းကိုသိသည့်အတွက် ဆရာဝန်
ပါတစ်ခါတည်းခေါ်လာမယ်လို့ပြောသည့်
အတွက် သူတို့အလာကိုသာ Soekjin
ထိုင်စောင့်နေသည် ။" Tee....Tong..."
Bell တီးသံကြားတော့ Soekjin
အပြေးအလွှား တံခါးသွားဖွင့်လိုက်သည် ။" Min Yoongi...."
" Kim Soekjin... "
နှစ်ယောက်စလုံး အံ့သြကာ ခဏလောက်
ကြောင်ကြည့်နေမိသည် ။" Taehyung ရဲ့ Hyungဆိုတာ
Min Yoongiလား "" အင်း...ခုနကဖုန်းဆက်တာ.."
" ဟုတ်တယ် ကျွန်တော်ပါ...
လာပါ အထဲဝင်ပြီး Taehyung
အခြေအနေလေး ကြည့်ပါအုံး "Yoongi နဲ့ ဆရာဝန်လည်းအိမ်ထဲကို
ရောက်လာသည် ။ ဆရာဝန်သည် Taehyung
ရဲ့ အခြေအနေကို စမ်းသပ်ကြည့်နေသည် ။
Yoongi ကလည်း Taehyung
အတွက် စိတ်ပူပေးနေတဲ့ Soekjin ရဲ့
အခြေအနေကို အကဲခတ်နေသည် ။ ပတ်သတ်မှု
တစ်ခုခုတော့ ရှိနေမယ်ဆိုတာ သဘောပေါက်
လိုက်သည် ။" Doctor သူ့အခြေအနေက..."
Yoongi ကမေးလိုက်သည် ။
" ဖြစ်နေကျအတိုင်းပဲ ဖြစ်သွားတာပါ
စိုးရိမ်စရာတော့မရှိပါဘူး ဒါနဲ့ဒီက သူက
Taehyung နဲ့ဘယ်လိုမျိုးပတ်သတ်
တာလဲ "" ကျွန်တော်တို့က ချစ်တွေပါ... "
" Taehyung ကသူ့ရောဂါအခြေအနေ
ကိုမပြောပြဘူးလား "" ဟင့်အင်း...သူကျွန်တော့်ကို
ဘာဆိုဘာမှ မပြောပြဖူးဘူး
သူ့မှာဘာရောဂါရှိတာလဲ "
YOU ARE READING
My Lovely Demon
Fanfictionမင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ Taejin , Jikook , Sope 💜 မင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ