Episode 20

2.5K 265 11
                                        

Zawgyi

နေ့လည်ဘက်အချိန်ဆိုတော့ ဆိုင်မှာ
လူအရမ်းမများ ။ နေ့လည်ဘက်အားတဲ့
အချိန်လေးမှာ Soekjin က Laptop
နဲ့ Youtube ကနေ လိုအပ်တဲ့ မုန့်လုပ်တဲ့
နည်းတွေရှာပြီး လေ့လာတတ်သည် ။
အခုနေ့လည်လည်း ဆိုင်ကလည်း လူရှင်း
နေတာမို့ Laptop နဲ့အချိန်ကုန်ရန်ဆုံးဖြတ်
လိုက်သည် ။ အရင်ကဆိုရင် ဧည့်သည်လာရင်
ထလုပ်ပေးရတော့ သေချာအာရုံမစိုက်နိုင်ပေ
မယ့်လည်း အခုက Jimin ကလည်း
လုပ်တတ်ကိုင်တတ်နေပြီဆို အားကိုး
ရသည် ။

ထောင့်ကျကျစားပွဲတွင် ထိုင်ပြီး
Laptop တစ်လုံး ၊ မှတ်စုစာအုပ်
တစ်အုပ် နဲ့ အခြေကျနေတော့သည် ။
Jimin က သူ့အစ်ကိုအတွက် Coffee
ဖျော်ကာလာချပေးသည် ။ Laptop
နဲ့အလုပ်ရှုပ်နေရင်း ဆိုင်တံခါးဝမှာ
ချိတ်ထားတဲ့ ခေါင်းလောင်းမြည်သံကို
ကြားတော့ ကြည့်လိုက်မိသည် ။

" ဒီကောင်လေးရောက်လာပြန်ပြီ "

ဒီကောင်လေးကို Soekjin သတိထား
မိတာ လေးငါးခါမကတော့ ။ ဆိုင်ကို
တစ်ပတ်ကို သုံးလေးခါလောက်လာတတ်
သည် ။ ပြီးရင် Coffee တစ်ခွက်မှာတယ်။
အကြာကြီးထိုင်တတ်တယ် ။ ပြန်သွားတော့
လည်း Coffee ကတစ်စက်မှမလျော့ ။
နောက်ပြီး သူများထက်သာတဲ့အရပ်အမောင်း
နဲ့ ကျစ်ကျစ်လစ်လစ် ခန္ဓာကိုယ်ဖွဲ့စည်းပုံ
အပြင် ညာဘက်မျက်ခုံးအစွန်း Piercing
ဖောက်ထားသည် ။ နောက်ပြီး ဟိုတစ်ခါက
Taehyung ရဲ့ club မှာပြသာနာဖြစ်ခဲ့
တဲ့ ကောင်လေးမို့လို့ ပိုကာသတိထား
မိသည် ။ သူ့ကိုလည်းဘယ်အချိန်
ပြသာနာထရှာမလဲဆိုတာ မသိပေမယ့်
ခုထိတော့ ဘာမှမဖြစ်သေး ။

ဒါပေမဲ့ ဒီကောင်လေးဆိုင်ကိုလာတာနဲ့
ကျောင်းသူကောင်မလေးတွေအုပ်လိုက်
ကြီးရောက်လာတတ်တာပဲ ။ မိန်းကလေး
အများစုက Bad Boy ပုံစံမျိုးဆို
ကြွေတတ်တယ်ထင်ပါတယ် ။
ဒီကောင်လေးက Style မိုက်တာပဲ
ရှိတာပါ ကျွန်တော့်ရဲ့ Bad Boyလေးကမှ
Style ရော ရုပ်ရည်ရောပြောစရာမရှိတာ ။
(ကိုယ့်ချစ်သူကို အခွင့်အရေးရတုံး
ကြွားချင်တာပါ)

Soekjin လည်း Jimin ရှိနေတာမို့
စိတ်ချလက်ချနဲ့ နေလိုက်သည် ။
Laptop ကိုကြည့်နေရင်း မျက်လုံး
ဘေးထောင့်မှာ အရိပ်တစ်ခုတွေ့တာ
ကြောာင့် မော့ကြည့်လိုက်ချိန် waiter
ကောင်လေးက ကြောင်အအကြီးရပ်နေ
သည် ။

My Lovely DemonWhere stories live. Discover now