Episode 11

2.6K 303 31
                                    


Zawgyi

" သူဋ္ဌေးကျွန်တော်စောင့်ပေးရအုံးမလား "

" ရတယ်...ရတယ် မစောင့်နဲ့
ပြန်တော့ ငါလဲဒါလေးလက်စသတ်ပြီး
ပြန်မယ် Jimin လဲရှိနေတာပဲ
မင်းပြန်ရင်ပြန်တော့ "

" ဟုတ်ကဲ့ သူဋ္ဌေး
ဒါဆို ကျွန်တော်ပြန်လိုက်ပါအုံးမယ် "

" အေးအေး...."

ည 9 နာရီအထိ Soekjin အခုထိ
အိမ်မပြန်ရသေး ။ မနက်ဖြန်အတွက်
Speical Order တွေပြင်ဆင်
နေရတာကြောင့် တော်တော်နဲ့ပြန်လို့
မရသေး ။ အကူ Chef လေးကိုတော့
ပြန်နားခိုင်းလိုက်ပြီဖြစ်သည် ။ တခြားဝန်ထမ်း
တွေလည်း တစ်နေ့လုံးအလုပ်လုပ်ထားရ
သည့် သူ့ကိုမကူစေတော့ပဲ စောစောသာ
ပြန်နားခိုင်းလိုက်တော့သည် ။ အခုလဲ
နောက်ဆုံး Order ပဲကျန်တော့တာမို့
ကောင်လေးကို ပြန်နားခိုင်းလိုက်တော့သည် ။

" Hyung တစ်ခုခုစားအုံးလေ
ခုထိညစာမစားရသေးဘူးမလား "

" ဒါလေးလက်စသတ်ပြီး
စားတော့မယ် Jimin လဲအိမ်ပြန်ပြီး
နားချင်ရင်နားလေ ဘာမှလုပ်စရာမှ
မရှိတော့တာ "

" Hyung နဲ့ ဝိုင်းကူပေးမယ်လေ "

" Hyung လဲ အများကြီးလုပ်စရာ
မလိုတော့ဘူး ဒါလေးအချောကိုင်ရင်
ပြီးပြီ "

" ဒါဆို ကျွန်တော်ပြန်နှင့်မယ် Hyung
အတွက် ညစာလုပ်ထားပေးမယ် "

" အေးအေး Jimin
ဂရုစိုက်ပြန် "

" ဟုတ်ကဲ့ Hyung..."

Soekjin က ဆိုင်အလုပ်တွေနဲ့
ပင်ပန်းတာမို့လို့ Jimin က အိမ်သန့်ရှင်း
ရေးနဲ့ ချက်ပြုတ်တာကို တာဝန်ယူထား
ပေးသည် ။ အခုလဲ Soekjin အလုပ်ပင်ပန်း
ပြီးပြန်လာရင် စားဖို့အတွက် ပြင်ဆင်ပေးရန်
ထွက်သွားတော့သည် ။

Soekjin နဲ့ Jimin တို့က ညီအစ်ကို
အရင်းတွေမဟုတ်ကျပေမယ့် Soekjin
က သူ့အပေါ်မှာ တကယ်အစ်ကိုအရင်း
တစ်ယောက်လို ဆက်ဆံသည် ။ ဆုံးမသည် ။
အနစ်နာခံပေးခဲ့သည် ။ ဒါကြောင့်လည်း
အများအမြင်မှာ ညီအစ်ကိုအရင်းတွေ
လို့သာထင်မြင်ကျပေသည် ။

ကျွန်တော်ငယ်ငယ်က အရမ်းဆင်းရဲတဲ့
မိသားစုကနေ မွေးဖွားခဲ့တဲ့သူပါ ။ အဖေက
ငါးဖမ်းလှေကြီးနဲ့လိုက်ပါသွားပြီး ပင်လယ်
ထဲငါးဖမ်းသမားအဖွဲ့တွေနဲ့အတူတူ
ငါးဖမ်းခဲ့တယ် ။ အမေကတော့ အဖေပါလာ
တဲ့ငါးတွေကို အခြောက်လှန်းသင့်ရင့်လှန်းပြီး
ဈေးထဲပြန်ရောင်းတယ်လေ ။ ကျန်တာကိုတော့
အိမ်စားပေါ့ ။ ဒီလိုနဲ့ ကျွန်တော့်တို့မိသားစု
ထမင်းမငတ်ရုံတမယ် စားနိုင်သောက်နိုင်
ခဲ့တယ် ။ ဒါပေမဲ့ တစ်နေ့မှာ အဖေပင်လယ်
ထဲထွက်သွားခဲ့တာ ကျွန်တော့်တို့ဆီပြန်မလာ
တော့ ။ အမေကတော့ ကျွန်တော့်အဖေက
ပင်လယ်ထဲမှာ ပျော်နေပြီတဲ့လေ ။ ကျွန်တော့်
အသက်က အဲအချိန်တုံးက 11,12 လောက်
ရှိသေးတာဆိုတော့ အမေဆိုလိုတာကို
ကျွန်တော်နားမလည်ခဲ့ဘူး ။ အဖေမရှိတော့
တဲ့နောက်ပိုင်းမှာ အမေကိုယ်တိုင်ပဲ
အလုပ်ထွက်လုပ်တော့တယ် ။ မိန်းမသား
ဆိုတော့ အလုပ်ကလုပ်ရတာ ယောကျာ်း
တွေငွေရှာသလောက် ငွေမရ ၊ အပင်ပန်းလဲ
မခံနိုင် ။ ကျွန်တော်ကတော့ အမေပိုက်ဆံ
ထွက်ရှာတဲ့ အချိန်ဆိုကျွန်တော်ကအိမ်မှာ
တစ်ယောက်တည်း ပျင်းနေခဲ့တာ ။

My Lovely DemonWhere stories live. Discover now