Zawgyi
Soeul မြို့ကြီးရဲ့ ညနေပိုင်းရုံးဆင်း
ချိန်သည် လမ်းပေါ်မှာ လူတွေနဲ့
ရှုပ်ယှက်ခက်နေပေမယ့် တစ်မျိုး
ကြည့်လို့ကောင်းနေ၏ ။ ဆောင်းဦး
ညနေခင်းဖြစ်တာကြောင့် ရာသီဥတုက
တိမ်ကင်းစင်နေသည် ။ ဆောင်းလေပြေ
ကလည်း ခပ်ပါးပါးလေးသာ တိုက်ခတ်
နေသည် ။Yoongi ရဲ့ကားလေးကလည်း Seoul
မြို့ရဲ့ ရှုပ်ထွေးလှသောလမ်းမကြီးရဲ့
တစ်နေရာတွင်ရှိနေသည် ။ သူ့ကားကို
သာအေးဆေးမောင်းနေသည့်အချိန်
တွင် တစ်ဖက်ကကွေ့လာတဲ့ကားနဲ့
တိုက်မိသလိုဖြစ်သွားတော့သည် ။
အမြဲသတိနဲ့နေတတ်တာကြောင့် အချိန်မှီ
Break အုပ်လိုက်ပေမယ့်နည်းနည်းတော့
ရှပ်ကာထိသွားပုံရသည် ။ ကားထဲကနေ
ချက်ချင်းမဆင်းသေးပဲ တစ်ဖက်ကား
အခြေအနေကိုကြည့်နေသည် ။ ခဏကြာ
တော့ကားထဲက လူတစ်ယောက်ဆင်း
လာတော့သည် ။ ကားပေါ်ကဆင်းလာတဲ့
သူကိုမြင်တော့ စိတ်ပချဉ်မိသေးသည် ။
Lee Byun Hyun ရဲ့တပည့်
Han Min ဖြစ်နေသည် ။Han Min သူ့ကားတံခါးနားကိုရောက်
တော့ Yoongi ကားမှန်တံခါးကို
ချပေးလိုက်သည် ။" Aww....ဘယ်သူများလဲလို့ "
" မင်းမှာ ငါ့ကိုအဲလိုပြောဆိုနိုင်တဲ့
အဆင့်အတန်းမရှိသေးဘူး "Yoongi ကစကားပိုလိုတာထက်ပိုမပြော
တတ် ။ ပြောရင်လဲချက်ကောင်းကိုမှ
ထိအောင်ပြောတတ်သူဖြစ်သည် ။
Yoongi ရဲ့စကားကြောင့် Han Min
ရဲ့ အရှိုက်ကိုထိမှန်တော့သည် ။ တကယ်လည်း
မှန်နေတာပါပဲ ။ Han Min သည် အရင်က
တည်းက Yoongi ကိုကြည့်မရခဲ့ပါ ။
အကြောင်းမှာ Byun Han က
သူ့ကိုခုချိန်ထိ လက်လွတ်လိုက်ရတာကို
နှမြောနေတဲ့ပုံပေါက်နေသောကြောင့်
ဖြစ်သည် ။ Yoongi ကိုမချီးကျူး
ပေမယ့်လည်း Byun Han ရဲ့
စကားထဲမှာ Yoongi က တော်လွန်း
နေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ
လိမ်လို့မရ ။ လူတစ်ယောက်ကို စိတ်ပျက်
ပြီဆိုရင် စကားထဲတောင်ထည့်မပြောတတ်
တဲ့ Byun Han လိုလူစားက Yoongi
ကိုတစ်ချက်တစ်ချက် ချီးကျူးတတ်တာက
သူ့ကို စော်ကားသလိုခံစားရသည် ။ ဒါကြောင့်
လည်း Byun Han သိပ်တော်ပါတယ်လို့
ချီးကျူးတတ်တဲ့ Yoongi ကဘယ်လို
တော်တာလဲဆိုတာ စမ်းသပ်ချင်လာသည် ။

YOU ARE READING
My Lovely Demon
Fanfictionမင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ Taejin , Jikook , Sope 💜 မင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ