Episode 25

2.4K 245 31
                                    

Zawgyi

Taehyung နဲ့ Jungkook
တို့နှစ်ယောက် club ရဲ့အပေါ်ဆုံး
လေဟာပြင်မှာ ထိုင်ရင်း အရက်သောက်
နေကျတယ် ။ Toki အကြောင်းကို
ခေါ်ပြောရင်းနဲ့ မသောက်တာကြာလို့
စကားအေးဆေးပြောရင်း သောက်နေ
ကျသည် ။ Taehyung ကတော့
အရက်ကို feelနဲ့အေးဆေးသောက်တတ်
သူဖြစ်သည် ။ နဂိုကတည်းကသိပ်မသောက်
နိုင်တာလဲပါတာပေါ့ ။ နောက်ပြီး အရက်ခွက်
ကိုင်တဲ့လက်ချောင်းကြားထဲမှာ ဆေးလိပ်ကို
ညှပ်ရင်း မြို့ရဲ့ညအလှကိုငေးနေတယ် ။
နှစ်ယောက်စလုံး အတွေးကိုယ်စီနဲ့တိတ်ဆိတ်
နေခဲ့တယ် ။

" Taehyung... "

ငေးနေရင်း Jungkookလှန်းခေါ်
လိုက်တာကြောင့်လှည့်ကြည့်လိုက်သည် ။

" ပြောလေ..."

အရက်ခွက်ကိုစားပွဲပေါ်တင်ရင်း
ဆေးလိပ်ကိုတစ်ရှိုက်ဖွာထုတ်လိုက်တယ် ။

" Omm..."

" It just a question
nothing more "

" ပြောစမ်းပါကွာ..."

Jungkook အပူငွေ့တစ်ချက်မှုတ်
ထုတ်ရင်း ခါးကိုဆန့်လိုက်သည် ။
တစ်ခုခုကိုလည်း မဝံ့မရဲဖြစ်နေတာ
ကိုလည်း Taehyung ကသတိ
ထားမိသည် ။ Jungkookတစ်ခါ
မှမဖြစ်ဘူးတဲ့ အမူအရာကြောင့်
Taehyung လည်း ပိုစိတ်ဝင်
စားမိသည် ။

" မင်းအဖေကို ဒီနေ့ပြောအုံးမှာလား "

" မင်း....Soekjinကို
စိတ်နေစားနေမှန်း ဘယ်လိုစသိ
ခဲ့တာလည်း "

Taehyung က Jungkook
ရဲ့အမေးကြောင့် နားလည်သလိုမျိုး
ပြုံးလိုက်ပြီး စားပွဲခုံပေါ်က အရက်ခွက်ကို
ပြန်ယူကာ တစ်ငုံသောက်လိုက်သည် ။

" ဘယ်လိုစသိတာလဲဆိုတာက
သူနဲ့မတွေ့ရတဲ့အချိန် နဲ့တွေ့နေကရတဲ့အချိန်ကဘယ်လိုပြောရမလဲသူနဲ့ရှိနေချိန် က
နေလို့ကောင်းတယ် လွတ်လပ်
တယ် နောက်ပြီး သွေးကြောထဲက cell
တွေကအစ ခုန်ပေါက်နေသလိုမျိုးကို
ခံစားရတာ တွေ့ပါမြင်ပါများလာတော့
မှသတိထားမိလာတာပါ "

သူပြောသမျှကို မျက်မှောင်ကြီးကျုံ့ပြီး
နားထောင်နေတဲ့ Jungkook ကို
ကြည့်ပြီးတော့လည်းရယ်ချင်မိသေး
သည် ။ အီးမှန်နေတဲ့ရုပ်ကြီးနဲ့လေ
မှန်နေလို့ပဲမသိဘူး ။

My Lovely DemonWhere stories live. Discover now