Episode 6

3K 350 18
                                    


Zawgyi


Jimin အိပ်ယာက နိုးလာသည့်
အချိန်တွင် ပတ်ဝန်းကျင်ကို အကဲ
ခတ်ကြည့်ရာ သူ့အိပ်ခန်းဖြစ်နေ
တော့မှ သက်ပြင်းချမိသည် ။
မနေ့ကသူလဲ မှတ်မိသလောက်
စဉ်းစားကြည့်ရာ နောက်ဆုံးသေချာ
မှတ်မိတာက သူနဲ့ Hosoek club
မှာ အရက်သောက်မိကျတာပဲ
သူသေချာ မှတ်မိတော့သည် ။
ဘာတွေ ဘယ်လိုဖြစ်ပြီး အိမ်ပြန်
ရောက်ခဲ့မှန်း မသိသလို ဘယ်သူ
လိုက်ပို့လို့လိုက်ပို့မှန်းတောင်
သိတော့တဲ့ ဘဝမဟုတ် ။
ပြန်စဉ်းစားကြည့်ရင်း ပုံရိပ်တွေ
ရေးရေးလောက်သာ ပြန်စဉ်းစား
ဖြစ်တော့သည် ။

ဆံပင်တွေကိုဆွဲဖွပြီး အိပ်ယာပေါ်
မှထကာ ရေချိုးခန်းထဲဝင်သွား
တော့သည် ။ လူက မလန်းဆန်းပဲ
ညီးစိစိကြီးဖြစ်နေတာမို့ ရေခ်ျိုးပြီး
ခေါင်းပါလျှော်လိုက်သည် ။
ပြင်ဆင်ပြီးသည်နှင့် အချိန်ကြည့်
လိုက်တော့ ၁၀နာရီခွဲနေပြီမို့
ဆိုင်ကိုသာ တန်းထွက်လာတော့
သည် ။

Jimin လဲဆိုင်ကိုရောက်လာသည့်
အချိန်တွင် Soekjin ကိုမတွေ့မိ
တာကြောင့် Hana ကိုမေးလိုက်
သည် ။

" Noona Hyung ဘယ်သွားတာလဲ"

" မနက်က ဆိုင်ကိုလာနေကျ
ဧည့်သည်တစ်ဦးနဲ့ အပြင်ကို
ထွက်သွားတာပဲ သိပ်မကြာဘူး
လို့တော့ပြောသွားတယ် "

" ဟုတ်လား ကျေးဇူးပဲ
Noona "

Jimin လဲ ဖုန်းထုတ်ကာ Soekjin
ဆီကိုဖုန်းခေါ်ပေမယ့် မကိုင်တာ
ကြောင့် Hosoek ဆီပဲဖုန်းခေါ်လိုက်
သည်။

" Jimin ပြောလေ "

" Hyung ဘယ်သွားတာလဲ
သိလား "

" မသိဘူးလေ Jimin
ဘာလို့လဲ "

" ဘာမှတော့မဖြစ်ပါဘူး
ဒါနဲ့ကျွန်တော့်တို့ညက
ဘာဖြစ်သွားတာလဲ မှတ်မိ
လား "

" ညက clubက ကောင်တွေက
ငါတို့သောက်မယ့်ခွက်ထဲကို
ဆေးခတ်လိုက်တယ်တဲ့ ငါတို့လည်း
မသိပဲသောက်လိုက်တယ်ဆိုပါ
တော့ ငါတို့လူစိတ်ပျောက်သွားတဲ့
အချိန်မှာ အဲလူတွေလည်းမင်းနဲ့
ငါ့ကို တစ်နေရာကိုခေါ်သွားဖို့လုပ်
တယ်လေ အဲအချိန် Soekjin
လည်း Toilet က ပြန်ရောက်လာ
တော့ တွေ့ပြီး အဲအုပ်စုနဲ့ ရန်
ဖြစ်တယ်ဆိုပါတော့ "

My Lovely DemonWhere stories live. Discover now