Zawgyi
Taehyung club ကိုမသွားခင်
အိမ်ကိုဝင်ကာပြင်ဆင်နေရင်း ဖုန်းအဝင်
ခေါ်တစ်ခုဝင်လာတော့သည် ။ Contact
name ကိုကြည့်လိုက်တော့ Namjoon
ဖြစ်နေသည် ။" Hello...."
" ငါအခုပြောမယ့်စကားကိုသေချာ
နားထောင် Taehyung "" အင်း...ပြောပါ
နားထောင်နေပါတယ် Kim Namjoon "" ညကျရင်မင်းတို့ Club ကို
ရဲတွေရှောင်တခွင် ဝင်စစ်လိမ့်မယ် "" ဘယ်လို...စစ်ရအောင်
ကျွန်တော်တို့ကဘာမှမလုပ်ထားဘူး "" အေး..မင်းမလုပ်ဘူးဆိုတာ
သိတယ် ဒါပေမဲ့သူတို့က တမင်
ချောက်ချချင်လို့လုပ်တာ "" ချောက်ချချင်တယ်ဆိုတာ
ဘာသဘောလဲ "" ညကျရင် ရဲတွေမင်းတို့ club
ကို လာစစ်တဲ့အချိန်မှာ မင်းဆီမှာ
မူးယစ်ဆေးတွေစစ်ဆေးရရှိတဲ့ပုံစံ
လုပ်ကျမှာ တမင်ဖန်တီးထားသလိုမျိုး
ပေါ့ "" ဘာ....ဒါဆိုကျွန်တော်က
သူဖြစ်စေချင်သလိုဖြစ်ပေးရမှာလား
နေပါအုံး ဘယ်သူကခိုင်းတာလဲ "" မြို့တော်ဝန်အမိန့်နဲ့လုပ်တာ
ငါတို့လဲ တားဖို့မဖြစ်နိုင်ဘူး
ဒါကြောင့်မင်းကိုကြိုသတိပေးတာ "" ဒါဆို ကျွန်တော်ကဒီအတိုင်း
ငြိမ်နေပြီးအဖမ်းခံရမှာလား "" နှစ်ရက်လောက်တော့ မင်း
အချူပ်ထဲအောင်းနေရလိမ့်မယ်
၄၈နာရီပြည့်လို့ သက်သေမတွေ့
ဘူးဆို မင်းလွတ်မှာပဲ မင်းလုပ်ရမှာက
သူတို့ခေါ်သွားရင် ငြိမ်ငြိမ်လေးလိုက်
သွားပေးလိုက် အပြင်ကိစ္စ ငါရှင်းမယ် "" အခုကိစ္စကိုဘယ်လိုထင်လဲ "
" Balck Diamond နဲ့ Zenkyo
တို့အကြံပေါ့ အခုမြို့တော်ဝန်ကလည်း
သူတို့လူဆိုတော့ လုပ်ချင်တိုင်းလုပ်
လို့ရတယ်လေ ကဲပါ...လောလောဆယ်
တော့နှစ်ရက်သည်းခံပေးလိုက် ပြန်ထွက်
လာရင် အေးဆေးတိုင်ပင်ကျမယ် "" ကောင်းပြီလေ.. ဒါနဲ့ ကျွန်တော့်
Club တစ်ခုတည်းလား "" မဟုတ်ဘူး မင်းရော Jungkook
ရဲ့ club ကိုရော မွှေမှာ အခုကိစ္စလည်း
Gi နဲ့ Jungkook ကိုသတိပေး
ပြီးသွားပြီ "

YOU ARE READING
My Lovely Demon
Fanfictionမင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ Taejin , Jikook , Sope 💜 မင်းက တခြားသူတွေအတွက် နတ်ဆိုးတစ်ကောင်အဖြစ်ရှိနေပါစေ ငါအတွက်တော့ တယုတယနဲ့ ထွေးပွေ့ထားရမယ့် ကောင်လေးပါပဲ