❤Unicode
"သခင်လေး..ပြန်ကြရအောင်နော်..သခင်ကြီးသိရင် ဒီညစာထမင်းငတ်လိမ့်မယ်..''
"ခဏလေးပါ ယွိပင်းရာ..ငါဒါလေးတော့ဝအောင်စားပါရစေဦး..ပါးပြန်မရောက်ခင်ငါပြန်မှာပါကွာ..''
ပါးပြန်မရောက်ခင်ပြန်မယ်ဆိုတဲ့စကားကို ယွိပင်းတော်တော်လန့်နေပြီဖြစ်သည်။ ဟိုတစ်ခေါက်အပြင်ထွက်တုန်းကလည်း အနက်ရောင်မိစ္စာတွေနဲ့တွေ့လို့ ခွေးပြေးဝက်ပြေး ပြေးရပြီးပြီ..။
ဒီတစ်ခေါက်တော့မရတော့ဘူး..။ နေမစောင်းခင်အရောက်ပြန်ခေါ်မှဖြစ်မယ်..။ ယွိပင်းအရပြန်ခေါ်မယ်ဟန်ပြင်ကာ ရှောင်းကျန့်ဘက်သို့လှည့်လိုက်သည်။
"သခင်....''
"ဟာ..ဟေ့လူကြီး..ခင်များတို့ယုတ်မာလှချည်လား..''
ယွိပင်းခေါ်သံတောင်မဆုံးလိုက်ခင်မှာ ရှောင်းကျန့်က လူအုပ်ကြီးထဲမှာ သူရဲကောင်းဝင်လုပ်နေပြီ..။ အရိုက်အနှက်ခံထားရပုံရှိသည့် ၁၅နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို အနောက်မှာကာထားပြီး အရှေ့ကတုတ်ကြီးကိုင်ထားတဲ့လူကြီးကိုရန်တွေ့နေသည်..။
"ဒီမှာကောင်လေး..မင်းအသားမနာချင်ရင်ဝေးဝေးသွားနေလိုက်..ငါတို့ဇယားထဲဝင်မပါနဲ့..''
"ဒီမှာကောင်ကြီး..အဲလေ..ဒီမှာလူကြီး..ခင်ဗျားမှာလူသားချင်းစာနာစိတ်မရှိဘူးလား..ကောင်မလေးအသားကနုနုလေး..ခင်ဗျားလက်ထဲကတုတ်ကြီးက နွားတောင်သတ်လို့ရတယ်..ကျုပ်ကမျက်စိရှေ့မှာမတရားတာမြင်ရင်ဝင်ပါရမှာပဲ..''
ယွိပင်းတစ်ယောက်ရန်ဖြစ်နေတဲ့သခင်လေးအနားသို့အပြေးသွားရသည်..။ မဟုတ်ရင်ဟိုလူကြီးကတကယ်ဗျင်းတော့မှာ.။ အဲ့ဒီရှောင်းသခင်လေးဟာလေ သိုင်းလည်းမတတ် မှော်ပညာလည်းမတတ်ဘဲနဲ့ အရမ်းလူတွင်ကျယ်လုပ်ချင်တာပဲ...။
"အာ...ဒီကလူကြီး..သခင်လေးအစားကျွန်တော်တောင်းပန်ပါတယ်ဗျာ..သခင်လေးကခေါင်းသိပ်မကောင်းလို့ပါ...ခွင့်လွှတ်ပါနော်...''
"ဘာ..ယွိပင်း..မင်းကအခုငါ့ကိုအရူးလို့ပြောလိုက်တာလား..ဒီမှာဟိုလူကြီး ကျုပ်ပြောမယ်..ခင်ဗျားကို ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲလို့ရတယ်နော်...''
DU LIEST GERADE
💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)
Fanfictionရှောင်းအိမ်ေတာ်ရဲ့ အငယ်ဆုံးသခင်လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြူရောင်မိစ္စာဘုရင်လေးဝမ်ရိပေါ်..တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အရယ်အပြုံးမရှိ..တလောကလုံးကဖိန့်ဖိန့်တုန်အော...