11(uni)

4.4K 388 23
                                    

ရိပေါ်က လက်ဝါးတစ်ဖက်ကိုဖြန့်လိုက်ပြီး သူ့ရဲ့မိစ္စာကြာပွတ်ကိုဆင့်ခေါ်လိုက်သည်။ ထို့နောက် ထိုကြာပွတ်ကို ရှောင်းကျန့်လက်ထဲသို့ထည့်ပေးလိုက်သည်။

"ကော..ဒီကြာပွတ်ကိုယူထား..မိစ္စာတွေအနားကပ်လာတာနဲ့ ဒီကြာပွတ်နဲ့ရိုက်လိုက်..ကြားလား..''

"ရိပေါ်လေး..ကောမှကြာပွတ်မသုံးတတ်တာ..''

"မသုံးတတ်လည်းရတယ်..ရမ်းသမ်းပြီးသာရိုက်လိုက်..ဟုတ်ပြီလား..''

ရိပေါ်..ရှောင်းကျန့်အားပြောပြီး ကျန်တဲ့သူတွေကိုအချက်ပေးပြီး မိစ္စာတွေကြားထဲကို ခုန်ဆင်းကာတိုက်ခိုက်တော့သည်။ အစတွင် မိစ္စာများကကြောင်သွားသော်လည်း ချက်ချင်းပြန်လည်တိုက်ခိုက်လာသည်။

ရိပေါ် သူ့ရဲ့ပီချန်ကိုသုံးပြီး မိစ္စာတွေကို လှလှပပပင်တိုက်ခိုက်တော့သည်။ ရှောင်းကျန့်ကိုလည်း တစ်ချက်တစ်ချက်ကြည့်ရသည်။
ဟောက်ရွှမ်းက သူ့ရဲ့အသွားနှစ်ဖက်ပါတဲ့ ကျန်မျဲ့နဲ့ မိစ္စာတွေကိုခုတ်ပိုင်းနေသည်။

ရှောင်းကျန့်က ကြာပွတ်ကြီးတကားကားနှင့် ဟိုပြေးလိုက်ဒီပြေးလိုက်လုပ်နေသည်။ မိစ္စာခေါင်းဆောင်တစ်ယောက်က ရှောင်းကျန့်ကိုတွေ့သွားပြီး တိုက်ခိုက်လာတော့သည်။ ရှောင်းကျန့် သိုင်းမတတ်မှန်း သိသွားသောကြောင့်ပင်။

မိစ္စာခေါင်းဆောင်က ရှောင်းကျန့်ကို သူ့ရဲ့သေမင်းလက်နက်နဲ့ပြေးခုတ်သည်။ ရှောင်းကျန့်က ရုတ်တရက်ဝင်လာတဲ့လက်နက်ကြီးကို အလန့်တကြားရှောင်လိုက်ရသည်။

ရိပေါ်ကိုကြည့်လိုက်တော့ ကျန်တဲ့ခေါင်းဆောင်တစ်ယောက်နှင့် တိုက်နေသည်။ မိစ္စာက သေမင်းလက်နက်နှင့် နောက်တစ်ကြိမ်ထပ်ခုတ်လာတာကြောင့် ကြာပွတ်ကိုလက်ကကိုင်ကာ ပတ်ပြေးနေလိုက်သည်။ ပတ်ပြေးရင်း မိစ္စာကိုလည်း လှျာထုတ်ပြကာ မျက်နှာပြောင်ရသေးသည်။ ငါ့ကိုမိအောင်လိုက်စမ်းဆိုတဲ့သဘော။

"ဟဟ..မိအောင်ခုတ်လေ..လာစမ်းပါ..ဟဟ''

လျှာထုတ်ကာ ရွှတ်နောက်နောက်လုပ်နေသောရှောင်းကျန့်ကို မိစ္စာခေါင်းဆောင်ကစိတ်တိုလာသည်ထင့်.. အသေလိုက်ခုတ်တော့သည်။ မိစ္စာကလိုက်ခုတ်လေ..ရှောင်းကျန့်ကပြေးလေ..။ သူများတွေ လူတစ်ပုံတစ်ပင်နှင့်တိုက်နေစဥ် ရှောင်းကျန့်နှင့် မိစ္စာခေါင်းဆောင်ကတော့ နှစ်ယောက်တည်း စိန်ပြေးလိုက်တမ်းကစားနေရသည်။

💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)Wo Geschichten leben. Entdecke jetzt