"ရိပေါ်လေး...ပေါ်ပေါ်လေးရေ..နော်လို့..ကောကိုလိုက်ပို့ပေးပါလို့..နော်..''
"ကောကသွားချင်တယ်ပေါ့..အဲ့ဒါဆိုကျွန်တော့်ကိုနမ်း..''
ရှောင်းကျန့်တစ်ယောက် နတ်ပြည်ကိုရောက်ဖူးချင်လို့ လိုက်ပို့ရန် ပူဆာနေခြင်းဖြစ်သည်။
"မွမွ..ရပြီလား..''
"အွန်း.. ဒါပေမယ့် ကောကတိတစ်ခုတော့ပေးရမယ်..နတ်ပြည်ရောက်ရင်ဘာမှလျှောက်မမွှေရဘူးလို့...''
"အင်းပါ ရိပေါ်လေးရဲ့..ကောကတိပေးတယ်နော်..''
ရှောင်းကျန့်ဆီက ကတိစကားကြားရသည်နှင့် ရိပေါ်,ရှောင်းကျန့်အား ယုန်ဖြူလေးတစ်ကောင်ပုံစံပြောင်းလိုက်ပြီး ရင်ခွင်ထဲထွေးပိုက်ကာ လေဟုန်စီးပြီး ကောင်းကင်နန်းတော်သို့ချီတက်ခဲ့သည်။
ကောင်းကင်နန်းတော်၏ညီလာခံခန်းမတွင် ကောင်းကင်မင်းကြီးနှင့် အခြားနတ်မင်းကြီးများ နတ်သဘင်အစည်းအဝေးကျင်းပလျက်ရှိသည်။
"သတင်းပို့ပါတယ် အဖြူရောင်မိစ္စာဘုရင်ဝမ်ရိပေါ်ရောက်ရှိနေကြောင်းပါ ကောင်းကင်မင်းကြီး..''
"ဝင်ခိုင်းလိုက်..''
ဝမ်ရိပေါ်လာတယ်ဆိုကတည်းက ကောင်းကင်မင်းကြီးမှာ မျက်ခုံးခပ်လှုပ်လှုပ်ပင်..။ ဝမ်ရိပေါ်ဆိုတာ လူ့ပြည်မှာသာတည်ငြိမ်တာ..နတ်ပြည်မှာဆို ငါးမွေထိုးပင်..။
"ဝမ်ရိပေါ်..ကောင်းကင်မင်းကြီးကိုဂါရဝပြုပါတယ်..''
ကောင်းကင်မင်းကြီးက ဝမ်ရိပေါ်ရင်ခွင်ထဲကယုန်ဖြူလေးကိုကြည့်ကာ..
"ဝမ်ရိပေါ်..နတ်ပြည်ကိုတိရစ်ဆာန်တွေယူမလာရဘူးလေ..ရောက်တာနဲ့ပြဿနာတန်းရှာတော့တာပဲ..''
"ဦးရီးတော်ကလည်း တိရစ်ဆာန်မဟုတ်ပါဘူးဗျာ..ကျွန်တော့ချစ်သူပါဗျ..''
ရိပေါ်လက်ထဲက ယုန်ဖြူလေးကိုအသာချလိုက်ပြီး မူလအသွင်ပြောင်းပေးလိုက်သည်။ ရှောင်းကျန့်ကတော့ သူ့ကိုတိရစ်ဆာန်လို့ပြောလို့ ဆူပုတ်ပုတ်နှင့်ပင်..။
"ရှောင်းကျန့် ကောင်းကင်မင်းကြီးကိုဂါရဝပြုပါတယ်..''
"ဝမ်ရိပေါ်..မင်းဘယ်တုန်းကချစ်တတ်သွားတာလဲ..ချစ်မှချစ်တော့လည်း နုနုထွတ်ထွတ်လေးပါလား..''
STAI LEGGENDO
💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)
Fanfictionရှောင်းအိမ်ေတာ်ရဲ့ အငယ်ဆုံးသခင်လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြူရောင်မိစ္စာဘုရင်လေးဝမ်ရိပေါ်..တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အရယ်အပြုံးမရှိ..တလောကလုံးကဖိန့်ဖိန့်တုန်အော...