"ကော..ပင်ပန်းနေပြီလား..''
"ဟင့်အင်း မပင်ပန်းပါဘူးရိေပါ်လေးရဲ့ ရိပေါ်လေးရော..ဗိုက်ဆာနေပြီလား ''
"ဟင့်အင်း ''
ရိပေါ်တို့ မိစ္စာနန်းတော်သို့ အပြန်ခရီးတွင်ဖြစ်သည်။ မြင်းတစ်ကောင်တည်းတွင် ကောကိုရင်ခွင်ထဲထည့်ကာ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ပင်ပန်းမည်စိုး၍ ဝေါယာဥ်နှင့် လိုက်ခဲ့ပါဆိုသော်လည်း ရိပေါ်လေးနှင့် မြင်းတစ်ကောင်တည်းအတူတူစီးချင်ပါသည်ဟု ဆိုလာသောကြောင့် ကောရဲ့သဘောအတိုင်းသာလိုက်လျောခဲ့သည်။
ရှောင်းအိမ်တော်နှင့် မြို့ထဲစျေးလောက်သာရောက်ဖူးသောကောက လမ်းတစ်လျှောက်မြင်သမျှအရာတွေကို အထူးအဆန်းလုပ်ကာ လိုက်ကြည့်နေလေသည်။ သိချင်တာတွေကို တစ်လမ်းလုံးမေးလာသော ကောရဲ့ အသံဆာဆာလေးကြောင့် တစ်လမ်းလုံးမပျင်းရအောင် ပျော်စရာကောင်းလှသည်။
ယွိပင်းနှင့်ကျိုးချန်ကလည်း တစ်လမ်းလုံးရေပက်မဝင်အောင် စကားပြောလာသည်။ ရှောင်းကျိရန်ဆီက အဖြေမရသေးသော ဟောက်ရွှမ်းကတော့ အရှေ့ကအတွဲကိုကြည့်ပြီး မနာလိုအားကျဖြစ်နေလေရဲ့။
တစ်နေ့လုံးခရီးနှင်လာပြီးသည့်နောက် ရီလင်မြို့သို့ရောက်လာခဲ့ကြသည်။ ရီလင်မြို့တွင် မီးပုံးပွဲတော် ရှိတာကြောင့် ညနေစောင်းလာသည်နှင့် လူစည်ကားနေပြီဖြစ်သည်။ ရိပေါ်တို့အဖွဲ့လည်း တည်းခိုဆောင်တစ်ခုတွင် အခန်းငှားကာ ခရီးတစ်ထောင့်နားလိုက်ကြသည်။
"ရိပေါ်လေး..အပြင်မှာဘာလို့ လူတွေအရမ်းများနေတာလဲဟင်..''
"ဒီည ရီလင်မှာ မီးပုံးပွဲတော်ရှိတယ်လေကောရဲ့ ညကျရင် ကောကိုလိုက်ပို့ပေးမယ်..''
"တကယ်လား..''
"အင်း..''
"ဟီး..အဲ့ဒါကြောင့် ရိပေါ်လေးကိုချစ်တာ..မွမွ..ကောရေသွားချိုးတော့မယ်နော်..''
ပါးကိုဖျက်ခနဲနမ်းကာ ရေချိုးဆောင်ထဲသို့ ခုန်ပေါက်ပြီးဝင်သွားသောကောက လက်မောင်းကဒဏ်ရာကို သတိရရဲ့လားမသိ။ စိတ်ပူရတဲ့ရိပေါ်ကပဲ ကောနောက်ကိုလိုက်သွားရပြန်သည်။ ရိပေါ်ရေချိူးဆောင်ထဲလိုက်ဝင်လာတော့ ေကာကမျက်လုံးေလးပြူးပြီးကြည့်လာသည်။
YOU ARE READING
💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)
Fanfictionရှောင်းအိမ်ေတာ်ရဲ့ အငယ်ဆုံးသခင်လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြူရောင်မိစ္စာဘုရင်လေးဝမ်ရိပေါ်..တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အရယ်အပြုံးမရှိ..တလောကလုံးကဖိန့်ဖိန့်တုန်အော...