တစ်နာရီလောက်အကြာတွင် ဝမ်ရိပေါ်နှင့်တောလိုက်ထွက်သွားသောတပ်သားတစ်ချို့ ပြန်ရောက်လာကြသည်။
"ဟောက်ရွှမ်း..ဘာထူးသေးလဲ..ကိစ္စတစ်ခုခုဖြစ်သေးလား..''
"မိစ္စာနက်တစ်ကောင်ချဥ်းကပ်လာတာတွေ့တယ်အရှင် ဒါပေမယ့်..အရှင်ချထားတဲ့အကာအကွယ်စည်းကြောင့် အသက်ထွက်သွားပြီ..''.
"အကာအကွယ်စည်းဟုတ်လား..ငါဘာစည်းမှမချထားခဲ့ပါဘူး..''
"ကျွန်တော်တွေ့လိုက်တာ..တကယ်ကိုအကာအကွယ်စည်းချထားတာ..''
"ဟောက်ရွမ်း..ငါ့ကိုသေချာရှင်းပြ..''
ဟောက်ရွှမ်း,ရိပေါ်အား သူနဲ့ရှောင်းကျန့် တဲတွေကိုပတ်ကြည့်တာကစလို့ မိစ္စာနက်ကောင်သေသွားတာအဆုံး ပြောပြလိုက်သည်။ ထို့နောက်မိစ္စာသေသွားတဲ့နေရာသို့ ဟောက်ရွမ်းနဲ့အတူသွားကြည့်လိုက်သည်။
အကာအကွယ်ရှိသည်မှာသေချာသော်လည်း ထိုအကာအကွယ်မှာ အာရုံခံဖို့ခက်လွန်းတာကြောင့် တော်ရုံသူဆို အကာအကွယ်ရှိမှန်းမသိနိုင်ပေ။ ထို့ကြောင့် ရိပေါ်သိလိုက်တာက. ထိုအကာအကွယ်က မိစ္စာနက်တွေပေါ်မှာသာ စွမ်းအင်သက်ရောက်စေတဲ့ မိစ္စာလေကာဖြစ်သည်။အကြောင်းအရာတွေကိုဆက်စပ်ကြည့်လိုက်တော့ သိလိုက်ရတဲ့ရလဒ်ကြောင့် ရိပေါ်၏နှုတ်ခမ်းဖျားလေး ကော့တက်သွားအောင်ပင်ပြုံးလိုက်မိသည်။
"ဟက်..အဆိုးအဆာလေး..တော်တော်လည်းတတ်နိုင်တယ်..''
ရိပေါ် ပြုံးပြုံးလေးနှင့်ခေါင်းခါရုံသာတတ်နိုင်သည်။ ဟောက်ရွှမ်းက ရိပေါ်ကိုကြည့်ကာ နားမလည်သော်လည်း အန္တရာယ်မရှိတာသေချာတာကြောင့် ဘာမှမမေးတော့ပေ။ သားကောင်တွေမီးကင်နေသောနေရာသို့ နှစ်ယောက်သားပြန်လာခဲ့ကြသည်။
ရိပေါ် တဲနားရောက်သည်နှင့် ကောရှိရာသို့ထွက်ခဲ့လိုက်သည်။ သူရောက်တော့ ကောကပါးစပ်လေးဟကာအိပ်ပျော်နေသည်။
ကောအနားသို့သွားထိုင်ကာ နဖူးပေါ်ကဆံစလေးတွေကိုသပ်တင်ပေးပြီး နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။ ထို့နောက် ကောရဲ့ပါးလေးကို လက်ချောင်းလေးများဖြင့်သာပုတ်ကာ နေ့လယ်စာစားရန် နှိုးရသည်။
YOU ARE READING
💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)
Fanfictionရှောင်းအိမ်ေတာ်ရဲ့ အငယ်ဆုံးသခင်လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြူရောင်မိစ္စာဘုရင်လေးဝမ်ရိပေါ်..တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အရယ်အပြုံးမရှိ..တလောကလုံးကဖိန့်ဖိန့်တုန်အော...