မိစ္စာနန်းတော်ကိုပြန်ဖို့ မနက်ကတည်းကပြင်ဆင်နေကြရသည်။ တပ်သားတွေအတွက်မြင်းတွေလက်ဆောင်ပေးလိုက်တာကြောင့် အလာခရီးထက် အပြန်ခရီးကပိုမြန်မည်ထင်သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ကာ မြင်းညိုကြီးဖြင့်အရှေ့ဆုံးကထွက်ခွာလာသည်။ အိမ်တော်တံခါးမှထွက်သည်နှင့် ခန္ဓာကိုယ်ပေါ်သို့ကြွေကျလာသော ပန်းပွင့်ချပ်များနှင့်အတူ အရှင်ဘုရင် ကျန်းမာသက်ရှည်ကြောင်း ဆုတောင်းပေးနေကြသည့် မြို့သူမြို့သားများဟာလည်း လမ်းမဘေးတွင် အစီအရီဂါရဝပြုလျက်ရှိကြသည်။ အမှန်ပင် ပန်းပွင့်ချပ်များဟာ ကြဲဖြန့်နေခြင်းဖြစ်သည်။
အရှင်နှင့်ဧကရီအပါအဝင် တပ်သားများ၊ြမို့သူမြို့သားများ၏ မျက်နှာထက်တွင်လည်း အပြုံးပန်းများကအစီအရီ..။တိုင်းပြည်ကိုကာကွယ်၊ ပြည်သူပြည်သားတွေကို ကာကွယ်ပေးပြီး ပြည်သူတွေရဲ့အချစ်ကို အပြည့်အဝရရှိတဲ့ခံစားချက်ဟာ ဒီလိုပါလားလို့တွေးမိကြပြန်တော့ ရင်ထဲမှာလှိုက်ဖိုကြည်နူးရပြန်သည်။
ဒီလိုပါပဲ မေတ္တာဆိုတာ အသွားရှိရင်အပြန်ရှိစမြဲမဟုတ်လား..။ မေတ္တာရိပ်ဟာ အရာရာအေးချမ်းပါတယ်..။
တစ်ရန်အေးပြီဖြစ်တာကြောင့် နောက်ထပ်ကြုံရမယ့် အခက်အခဲများကိုရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ရပါဦးမည်။
❤
နွေရာသီရောက်ရှိလာပြီမို့ နှစ်စဥ်ပြုလုပ်နေကြ နွေဦးအမဲလိုက်ပွဲအတွက် မိစ္စာနန်းတော်တွင် လူအသီးသီးအလုပ်ရှုပ်နေကြသည်။ မြို့အသီးသီး၊ နယ်အသီးသီးမှ လာရောက်ပြိုင်ပွဲဝင်သူများလည်း အတော်များကြသည်။
ပြိုင်ပွဲမှာ အန္တရာယ်အများဆုံးသားကောင်နဲ့ သားကောင်အများဆုံးရရှိတဲ့သူ အနိုင်ရမှာဖြစ်သည်။ ဒီနှစ်အတွက် မိစ္စာဘုရင်ဝမ်ရိပေါ်ကိုယ်တိုင်ပါဝင်မှာဖြစ်တာကြောင့် အကုန်လုံးကတက်ကြွနေကြသည်။
"မောင်..အမဲလိုက်ရင်သတိထားနော်..ထိခိုက်ဒဏ်ရာမရစေနဲ့..မောင့်ရဲ့အသားကနုနုလေးရယ်..''
ရှောင်းကျန့်, ရိပေါ်ကိုဝတ်ရုံကူဝတ်ပေးနေရင်း တဖွဖွမှာနေရသည်။ အန္တရာယ်ဆိုတာမမြင်ရတာကြောင့် မည်မျှပင်ခွန်အားကြီးနေပါစေ ရှောင်းကျန့်စိတ်မချနိုင်ဖြစ်ရသည်။
YOU ARE READING
💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)
Fanfictionရှောင်းအိမ်ေတာ်ရဲ့ အငယ်ဆုံးသခင်လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြူရောင်မိစ္စာဘုရင်လေးဝမ်ရိပေါ်..တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အရယ်အပြုံးမရှိ..တလောကလုံးကဖိန့်ဖိန့်တုန်အော...