"ဗွမ်း ''
"အဟွတ်..အဟွတ် ''
ရှောင်းကျန့်က သူ့ရဲ့မျက်နှာပေါ်ကို စီးကျလာတဲ့ရေစက်တွေကြောင့် သတိမေ့နေရာမှလန့်နိုးလာသည်။ ရေတွေက နှာခေါင်းနဲ့ပါးစပ်ထဲပါဝင်ကုန်တာကြောင့် ခံစားချက်ကအောင့်သက်သက်ပင်။
လက်ရောခြေထောက်ပါကြိုးတုတ်ခံထားရတာကြောင့် ကိုယ်ကလှုပ်မရ။ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ အချုပ်ခန်းတစ်ခုထဲရောက်နေတာကိုသိလိုက်သည်။
သူ ရိပေါ်အတွက်ပန်းခူးနေတုန်း အနံတစ်ခုရှူမိပြီး ရုတ်တရက်သတိမေ့သွားရခြင်းဖြစ်သည်။ မိမိကိုရေနဲ့ပတ်လိုက်တဲ့သူက အကျဉ်းသားတစ်ဦးဖြစ်ဟန်တူသည်။
"ဒေါက်..ဒေါက်..ဒေါက် ''
စီးချက်မှန်မှန်လျှောက်လာတဲ့ခြေသံကြောင့် လှဲနေရင်းနဲ့မျက်လုံးဝှေ့ကြည့်လိုက်သည်။ ဆံပင်ကိုခပ်မြင့်မြင့်စည်းထားပြီး အနီရောင်ဝတ်ရုံနဲ့မိန်းကလေးတစ်ယောက်ကို ရှောင်းကျန့်တွေ့လိုက်ရသည်။
နားရွက်က ချွန်ထွက်နေတာကလွဲရင် အပြစ်ပြောစရာမရှိအောင်ချောပါသည်။ ထိုမိန်းကလေးက ရှောင်းကျန့်ထံသို့လျှောက်လာပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း စကားစသည်။
"သူ့ကိုကြိုးဖြည်ပေးလိုက်..''
အကျဉ်းတပ်သားတစ်ယောက်က သူ့ထံသို့ဝင်လာပြီး ခြေထောက်နဲ့လက်မှာ တုတ်ထားတဲ့ကြိုးတွေကိုဖြည်ပေးသည်။ ရှောင်းကျန့်လည်း ညောင်းနေတဲ့ ခြေလက်တွေကို ဆန့်ထုတ်ပြီးအပျင်းကြောဆန့်ကာ လျော့တိလျော့ရဲထိုင်လိုက်ပြီး ပြောင်စပ်စပ်မျက်နှာပေးနဲ့ ထိုမိန်းကလေးကိုကြည့်လိုက်သည်။
"ဟီး..မိန်းကလေး ကျွန်တော့်ကိုဘာလို့ဖမ်းထားတာလဲ ကျွန်တော်ကဘာမှလုပ်တတ်တာမဟုတ်ဘူးလေ.. ကျွန်တော်လည်း ဘာအပြစ်မှ မလုပ်မိပါဘူး ''
"ရှင် ဘာမှအသုံးမကျတာကို ကျွန်မသိပြီးသား..ဒါပေမယ့် ရှင်က ဝမ်ရိပေါ်ရဲ့အသည်းအသက်ကလေးမလား..အဲ့တော့ ရှင့်ကိုအသုံးချပြီး လိုချင်တဲ့အနေအထားရအောင် လုပ်ယူလို့ရတယ်လေ..အခုဆိုရှင့်နေရာမှာ ကျွန်မညီမလုဟွားရောက်နေလောက်ပြီ..မကြာခင် ကျွန်မတို့မိစ္စာနက်တွေရဲ့ လွှမ်းမိုးမှုအောက်ကို အကုန်ရောက်ရတော့မှာလေ ဟား..ဟား..ဟား..''
YOU ARE READING
💥ထိရဲရင်ထိကြည့် မီးပွင့်သွားမယ်💥 (Complete)
Fanfictionရှောင်းအိမ်ေတာ်ရဲ့ အငယ်ဆုံးသခင်လေးရှောင်းကျန့်..သိုင်းပညာရော မှော်ပညာပါမတတ်တဲ့အပြင် ပြဿနာပေါင်းစုံရှာပြီး မွှေနိုင်လွန်းသောအမွှေကိုယ်တော်လေး... အဖြူရောင်မိစ္စာဘုရင်လေးဝမ်ရိပေါ်..တည်တည်ငြိမ်ငြိမ်နေတတ်ပြီး အရယ်အပြုံးမရှိ..တလောကလုံးကဖိန့်ဖိန့်တုန်အော...