•8•♡

1.5K 245 10
                                    

(Unicode)

*love is butterfly*

တစ်ခြားသောသူတွေအတွက်အချစ်ဟာ ဘယ်လိုအရာမျိုးလဲမသိပေမယ့် သူ့အတွက်အချစ်ဟာသိပ်လှသောလိပ်ပြာငယ်လေးပမာ။

အေးစက်တည်ငြိမ်နေသောသူ၏နှလုံးသားကိုလှုပ်ခတ်စေသောလိပ်ပြာလေး။ ဘယ်လိုလိပ်ပြာလေးလဲဆိုတော့ သိပ်လှတဲ့လိပ်ပြာလေးပါ။

လိပ်ပြာငယ်ဟာ သူ၏လက်ဖဝါးထက်လာရောက်ခိုနားလေ၏။
ဒါပေမယ့် ဒီလိပ်ပြာငယ်လေးအဝေးကိုထွက်မသွားစေရန် တင်းကြပ်စွာဖမ်းဆုတ်ထားနိုင်စွမ်းမရှိခဲ့ပေ။

တစ်ခါတစ်ရံမှာ တစ်ချို့‌သောသိပ်လှသည့်အရာတွေကိုရယူပိုင်ဆိုင်ရန်မကြိုးစားခြင်းဟာအကောင်းဆုံးပါ။

သူ့အတွက်တော့အချစ်ဟာရိုးရှင်းပေသည်။ အတ္တဟူသောအရာမပါသရွေ့ ချစ်ခြင်းမေတ္တာဟာလှပနေလိမ့်မည်။

**********

မှတ်တိုင်မှာဆင်းပြီး ကျောင်းရှေ့ကကော်ဖီဆိုင်လေးဆီသို့သာခြေလှမ်းတို့သာဦးတည်၍လျှောက်လာကြသည်။
ညှိယူစရာမလိုဘဲ ထပ်တူကျနေသောခြေလှမ်းတို့ကလိုက်ဖက်စွာပင်ဖြစ်နေလေ၏။

နှစ်ဆမြန်နေသောနှလုံးသားတစ်စုံကိုလျစ်လျူရှုလျက် မိမိ၏ဘေးက Grim Reaperကို Jiminတစ်ယောက်တစ်ချက်တစ်ချက်ခိုးကြည့်၍လျှောက်လာခဲ့လိုက်သည်။
ချစ်ရသူ၏‌မျက်နှာသည် ဘေးတိုက်မြင်ရသည်တောင်မှ အရမ်းပြီးပြည့်စုံလှပြီး ပန်းချီကားတစ်ချက်ကဲ့သို့ပင်။

မိမိကို လမ်းတစ်လျှောက်လုံးငေးကြည့်နေသောကလေးကိုသတိထားမိသော်လည်း ရုတ်တရပ်အကြည့်မဆုံစေရန်အတတ်နိုင်ဆုံးရှောင်ပြေးနေရသည်။
ညှိ့အားပြင်းသောမျက်၀န်းလေးကြောင့် Jeonတစ်ယောက်အငွေ့ပျံတတ်မတတ်ပင်ဖြစ်နေသယောင်။

မှတ်တိုင်လေးကနေကျောင်းရှေ့ကကော်ဖီဆိုင်လေးထိဘယ်လောက်မှမဝေးပေ။
ကော်ဖီဆိုင်နည်းတူတစ်ခြားဆိုင်လေးတို့လည်းကျောင်းရှေ့၌ရှိပေသည်။

လူသွားလမ်းကျယ်ကျယ်လေးထက်မှာ နေရာအ‌ချောင်ကြီးဖြစ်ပါလျက် တစ်ခါတစ်ခါပွတ်တိုက်မိသွားသောလက်နှစ်ခုကြောင့်ရင်ခုန်သံတွေဟာသံစဉ်ပျောက်ရလေသည်။
Grim Reaperကိုရင်မခုန်တတ်သူဟုသတ်မှတ်လျှင်လုံး၀မှားပေလိမ့်မည်။

❦︎𝐓𝐇𝐄 𝐆𝐑𝐈𝐌 𝐑𝐄𝐀𝐏𝐄𝐑❦︎ [complete]Hikayelerin yaşadığı yer. Şimdi keşfedin