ကျွန်မ နိုရာ က အသက် ၁၉နှစ်။
Evening မှာ University တက်ပြီး အလုပ်လုပ်နေသူ။အော် မေ့လို့ ကျွန်မအလုပ်က ပေါပေါပဲပဲ မဟုတ်ဘူးနော်။
တကယ့်ကို MD ရဲ့ Assistant တစ်ဦး။Uni တောင်မပြီးပဲ
ဘယ်လိုဖြစ်ပြီး ရသလဲဆိုတော့ ကျွန်မလည်း မသိပါဘူး။သူက လှတာ ကြိုက်တဲ့ပုံပဲ။ နောက် ကျွန်မက နိုင်ငံခြားမှာ နေဖူးတော့ Eng skill အရမ်းကောင်းတယ်။
ကံကောင်းတာက အလုပ်ခေါ်တဲ့သူက ရှိပြီး လာလျှောက်တဲ့သူက မရှိဘူး။
အတော်ကြာတဲ့ အထိတောင်ပေါ့။ဒီလိုနဲ့ ကျွန်မ အလုပ်ရခဲ့တယ်။
Contract 2နှစ်နဲ့ပေါ့။ဟိုသွားဒီသွားဆို လိုက်ရတယ် ။
Client နဲ့ဖြစ်ဖြစ်
Government officer နဲ့ ဖြစ်ဖြစ်ပေါ့ပြသနာက အစကတော့ သူကပဲ MOM တွေရေးတယ်။
နောက်ပိုင်း နိုရာကို ရေးခိုင်းတယ်။နိုရာက ဘယ်လောက်ပဲ E ကောင်းကောင်းလေ သူတို့ပြောတာက မြန်တယ်။ ပြီးတော့ Sစကားတွေနဲ့ ကြီး ပြောသွားတာ။ (ဒီမှာ လူမျိုးရေး မထည့်ချင်လို့ S စကားလို့ပဲ သုံးပါမယ်နော်)
"နိုရာ မင်း ရေးတာတွေက မဟုတ်လိုက်တာ"
သူ၏ ညီးညူသံတွေက ကျွန်မကို ထိတ်လန့်စေတယ်။
လုပ်ငန်းခွင်မှာ ကိုယ်လုပ်တာတွေ အဆီအငှော် မကျရင် ခေါင်းပေါ်ကို အလေးတုံးနဲ့ တက်ဖိထားသလိုပါပဲ။ကျွန်မ အသံတတ်ပြီး ခေါင်းလေးငုံပြီး ရပ်နေတော့ သူက ပြန်ပြောရှာပါတယ်။
"မင်း S စကားသွားသင်"
"ဒါပေမယ့် ဆရာ ကျွန်မ ညနေဘက်မှာ အတန်းတက်ရတယ်"
"Weekend မှာ သင်ပေါ့"
"ဟုတ်ကဲ့ သဘောပေါက်ပါပြီ"ဒီလိုနဲ့ ကျွန်မ အခန်းကနေ ထွက်တဲ့အခါ သူက သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
ဒီ သက်ပြင်းရှည်ကြီးက ကျွန်မနားကို ပူလောင်စေသည်။
ဘာပဲဖြစ်ဖြစ် ကျွန်မလို ဘာ ဘွဲ့ ဘာ လက်မှတ်မရှိ အသက်ငယ် exp မရှိသူက ဒီလို နိုင်ငံခြားcompanyမှာ အလုပ်ရဖို့ ဘယ်လောက်ခက်သလဲ။
Boss က ဆိုးသွမ်းတာတော့ မဟုတ်ပါဘူး။
သူက အသက် ခပ်လတ်လတ် လူချောတစ်ဦး။ Sလူမျိုးတစ်ဦးမို့ ပြာရီတဲ့ မျက်ဝန်း၊ ရှည်လျားသော အရပ်အမောင်း၊ ပြီးတော့ မျက်နှာက ခပ်သွယ်သွယ်။
YOU ARE READING
Who Trust Me? (ရပ်နား)
Randomမိန်းကလေး2ေယာက်ရဲ့ လုပ်ငန်းခွင် အကြောင်းများ။ ဘယ်သူတွေက သူတို့ကို ယုံကြမလဲ။ သူတို့တွေ စိတ်ညစ်လို့ ကမ်းခြေမှာ ထိုင်မိတဲ့အခါ သူတို့က ပြသနာအစကို ပြန်သွားချင်တဲ့အခါ။ အနာဂတ်ကာလက Nile ကရော Time Travel သွားမိပြီး သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ချစ်မိသွာ...