10

27 4 2
                                    

***တိုပေမယ့် ဒါ‌ေလာက်ပဲ ထွက်တယ်။ 😁 စောင့်ဖတ်သူရှိရင် comment ပေးခဲ့နော်။ 😁 အားရှိအောင်ပေါ့။

"Comfortable Chair တွေက သရဲ တွေကြိုက်တယ်လို့ပြောတယ်"
ဂျူးဆိုက ခပ်တည်တည်ပြောလိုက်တော့ Nile တစ်ယောက် ထပြေးလေသည်။

"မင်း Science ဆရာက ဘယ်လိုလုပ်ပြီး သရဲကြတော့ ကြောက်ရသလဲ။ ဒါက နည်းနည်းတော့"

ဂျူးဆိုက သဘောကျကျနဲ့ ဝင်ထိုင်လိုက်လေသည်။

"Scicence ကို သိလို့ကို သရဲကို ယုံမိတာ။ Particles တွေ က လွယ်လွယ်နဲ့ ပျက်စီးသွားတာမှ မဟုတ်တာ။ လူအကောင်လိုက်ရှိတာကလည်း လွယ်လွယ်ဆပျာက်သွားမယ် မထင်မိဘူး။ အခြား Dimension တစ်ခုခုမှာ ဖြစ်တည်နေလောက်တယ်။"

"ရှုပ်နေတာပဲ။ ရပြီ ငါ့ခုံရပြီမို့ မင်း တော်ကီတွေ နိုရာကို သွားပြောတော့။"

သူမက ထိုင်ပြီး "Tinder" application ကို ဖွင့်လိုက်လေသည်။

ခဏအကြာတော့ သူမ ဒေါသတွေထွက်ပြီး ခုံကနေ ဆတ်ခနဲ ထလိုက်လေသည်။

ဘေးနားတွင် နံရံကိုမှီကာ Science စာအုပ်ကို ဖတ်နေသော Nile က
"ဘာလဲ Dating Apk က ကောင်လေးက ဘာပြောလိုက်လို့လဲ"

"ငါမေးမယ်။ sex က လက်မထပ်ခင် အဲ့လောက် အရေးကြီးတာလား"

"မသိဘူးလေ။ ဒါကိုဆွေးနွေးဖို့က"

"သိချင်လို့ပါ။ ပြောစမ်းပါ"

"ကြီးတာပေါ့။ "

"အို ဘာလဲ ခံလာရပြီမလား။"

"ဟုတ်ပ Open Relationship ဒါမှမဟုတ် FWB တဲ့"

"ငါ တစ်ခုမှ မသိဘူး Nile"

"ဟဟ ခံလိုက်ရတယ်ပေါ့"

"ပြောသွားသေးတယ် မင်းတစ်ခါမှ ရည်းစားမထားဖူးဘူးမလားတဲ့"

"ဟားဟား ဘာလို့ အဲ့မှာ သွားရှာနေရတာလဲ အမကလည်း။"

"အေး ကံများစပ်မလားလို့"

Nile က ခေါင်းခါလေသည်။

"ဒါနဲ့ အနာဂတ်မှာရော အတွဲတွေက ဘယ်လိုမျိုးလဲ"

"မသိပါဘူး။ တစ်တွဲလောက် လက်ထပ်ဖြစ်ကြရင် တစ်နိုင်ငံလုံးက ပျော်ကြတယ်။ ကျားနဲ့မဆိုရင် ပိုပြီး ထောက်ပံပေးကြတယ်။ sex ကတော့ မပြောတတ်ဘူး။ ကျွန်တော်လည်း single ပဲ။ ဒါတွေ စိတ်ဝင်စားဖို့နေနေ အခိုင်းခံနေရတာနဲ့ သိတယ်မလား အမှိုက်ရှင်းနေရတာ။ ဒီမှာ ရှာသွားပြီး လက်ထပ်သွားရမယ်။"

Who Trust Me? (ရပ်နား)Where stories live. Discover now