11

28 6 0
                                    

ဇာတ်အိမ်ကို ဆောက်ရ ခက်လိုက်တာနော်။ 😁 ရေးချင်တာတွေကို ရှည်ရှည် မဖွဲ့တော့ဘူး။ တိုတိုပဲ ရေးတော့မယ်လို့။

xxxxxxxx

John တစ်ယောက် ခေါင်းတွေကိုက်ကာ ထိုင်နေမိလေသည်။

"Prime Minister ရာသီဥတုက တစ်ဖြည်းဖြည်း ပိုပြီးဆိုးလာတယ် ဒီအတိုင်းဆို ကမ္ဘာကြီးပျက်ဖို့က သေချာလောက်ပြီ။"

"တွက်ကြည့် နောက် ဘယ်နှနှစ်လောက် ခံနိုင်မလဲ"

သူ့ရှေ့က သိပ္ပံပညာရှင် Angola က
"နောက်၃နှစ်ပဲ လူတွေ ဖန်ပေါင်းချောင်အိမ်တွေမှာပဲ နေနိုင်တော့မယ်"

John တစ်ယောက် သူ၏ ခေါင်းနထင်ကိုဖိကာ

"ဒါက လက်မခံနိုင်တဲ့ ကိစ္စပဲ ဘယ်လိုဖြေရှင်းမလဲ"

"အကျိုးကြောင့် အကြောင်းဖြစ်လာတာလေ အတိတ်က မကောင်းမှုလုပ်ရပ်တွေကြောင့် ပုံရိပ်တွေ ဖြစ်လာတာ။ ဒါက ပြင်လို့မှ မရတာ"

"Angola မင်းက သိပ္ပံ ပညာရှင်နော်။ တရားရှင်လို ပြောမနေနဲ့။ ခေတ်အဆက်ဆက်မှာ လူသားတွေ တီထွင်ကြံဆလာကြတာကို"

"ကျွန်တော် အမှန်ပြောတာလေ အတိတ်က phenomenon ကို ပြင်လို့မှမရတာ။ သံကွင်းဆက် လိုက်နေမှာပဲ"

"အတိတ်က phenomenon ကို ပြင်နိုင်ရင်ရော"

"ဒါက Time Travel ကို ပိတ်ထားတယ်မလား"

"ငါ အခု ကမ္ဘာကြီးရဲ့ Prime Minister အနေနဲ့ အမိန့်ပေးမယ်။ Time Travel ကို ပြန်စကြမယ်"

"ဘယ်လို"

"မင်း သိပ္ပံ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သမိုင်း၊  စိတ်ပညာရှင်၊ အော် ကျန်းမာရေး အဲ့ဆီက အတော်ဆုံး ၃ယောက်ဆီ listထုတ်လိုက်။ ငါတို့တွေ အတိတ်က phenomenon တွေကို သွားပြောင်းကြရအောင်"

"ဒါက"

"အောင်မြင်မှာပါ အောင်မြင်အောင် လုပ်ရမှာပေါ့။ Jack မင်း Nile အိမ်က စက်ဆီကိုသွားပြီး သူဘယ်ကို သွားသလဲ လေ့လာခဲ့။ အဲ့အချိန်က ဒုက္ခရောက်မယ့် သမိုင်းတွေကို ပါ စစ်လာခဲ့။ ငါတို့ သွားပြီး ပြင်ကြတာပေါ့။"

Jack နဲ့ Angola တို့က မျက်လူးပြူးနေပြီး

"အခု နေရာ အတွက် က ရော"

Who Trust Me? (ရပ်နား)Where stories live. Discover now