8

35 3 1
                                    

ဆယ်ကျော်သက်အိပ်မက်
ဒါကို မရေးခင် ကိုယ့်ရဲ့ ငယ်ဘဝ အကြောင်း ပြောပြရမယ်။

ငယ်ငယ်က သိပ်ဖြစ်ချင်ခဲ့တာတွေက အများကြီး။
လူတိုင်းဖြစ်ချင်တာတွေ ဖြစ်ဖို့ တစ်ခုခုကို အိပ်မက်ရမယ်လို့ ဆိုတယ်။

ကိုယ်က လူသားတွေကို ဘယ်လို ကယ်တင်ရမလဲ။ Superman ကြီးလိုမျိုးလား။ Spiderman ကြီးလိုမျိုးလား။

ငယ်ဘဝမှာ အမေက ပြောတယ်။ ဘယ်လိုမျိုးက အောင်မြင်မှုတွေ ရနိုင်သလဲဆိုတာပေါ့။
ပိုက်ဆံလေ။ ဒါနဲ့ပဲ နိုရာ ပိုက်ဆံ ရှာဖို့ ‌ဇောင်းပြင်းခဲ့တာပေါ့။

Uni တောင် မပြီးသေးခင် အလုပ်ဝင်ခဲ့တာလေ။
အခု တစ်ခါ Time Travel ပြန်လုပ်ပြီး သူမ အတိတ်ဆိုးတွေ ပြန်ပြင်နိုင်ခဲ့ပြီ‌ေလ။

သူမ ပိုက်ဆံရှာဖို့ ထိုcompany မှာပဲ ပြန်အလုပ်ဝင်မယ်ပြောတော့ မမဂျူးဆိုက မငြင်းခဲ့ချေ။

"သတိထားပေါ့ နိုရာ။ ဇာတ်လမ်းတွေ သိနေပြီးသားဆိုတော့ ဒီအခါ နိုရာ လွတ်နိုက်မှာပါ"
"အင်း နိုရာ ပိုက်ဆံ ရှာချင်သေးတယ်။ သူ့ကို မော်ဒယ် လုပ်ခိုင်းပြီး အင်္ကျီတွေ fashion တွေ ရောင်းကြည့်မလို့"
ဂျူးဆိုက Nile ကို ကြည့်ပြီး

"ပိုက်ဆံ အတော်လေး ရလောက်မဲ့ မော်ဒယ်ပဲ။ သူက သဘောတူပါ့မလား"

"မပြောတတ်ဘူးလေ။ ရအောင် မြူစွယ်ရမှာပေါ့။ မမဂျူးဆိုလည်း ပါဝင်ပေးပါလား။ Brand တစ်ခု ထောင်ကြမယ်လေ"
"အင်း လာ ပိတ်စ ဝယ်မယ် အကျီ ချုပ်မယ်။ Handmade အနေနဲ့ လုပ်ကြမယ်။"

x x x
သူတို့ နှစ်ယောက် အကြံကို ကြားတော့ Nile က ဘာမှ မငြင်း။ လုပ်ပေးမယ်ဟု ဆိုလေသည်။ တစ်ခုပဲ သူက ကျောင်းတစ်ခု ထောင်ချင်သည်တဲ့။ ကပ်သီးကပ်သပ် Maths နှင့် Science သင်တန်းတဲ့။

မမဂျူးဆိုက ရယ်ရယ်မောမောပဲ

"အိုကေ ဟောဒီမမက ရအောင်ဖွင့်ပေးမယ်"

x x x

နိုရာ‌ေရွးထား‌ေသာ Design ပုံစံကို ကြည့်ပြီး Nile က ခေါင်းခါလေသည်။
"ဒါကြီးက ခေတ်အောက်နေတာကြီးပဲ"
"အိုး ကိုကိုNile ဟာက ခေတ်လွန်နေတာ"
"ဒါက အနေတော်ပဲ"
"အင်း ငါတော့ မထင်ပါဘူး။ ရိုးလွန်း မနေဘူးလား"
"မရိုးဘူး။ ရာသီဥတုက ပူတယ်လေ။ ဒီလိုမှာ အဆင်ပြေတာ"
"ဒါဆို ဒီနားမှာ ဇကာ လိုမျိုး ပိတ်စ ထည့်ပြီး ချုပ်ပါလား"
"အဲ့လို ဝတ်ရင် ဂေါ်သွားမှာပေါ့"
"ဂေါ်တာက ဘာလဲ"
"အဆင်မပြေဘူးပြောတာ"
"အော်။ မဂေါ်ပါဘူး။ ဒီလို လေး ပိတ်စကို ပြန်ပြီး အတွန့်နဲ့ ချိုးလိုက်လေ"
"ဝိုး မဆိုးဘူးပဲ"

Who Trust Me? (ရပ်နား)Where stories live. Discover now