နိုရာ မနက်ဘက် အပြေးအလွှား လာရလေသည်။
Bus ကားက ရှိသမျှ ဂိတ်တိုင်း ရပ်နေလေသည်။
တစ်အိအိနဲ့ မောင်းလာသောကြောင့် အနားနီးတဲ့ အခါ သူမ ပြေးရ လွှားရလေသည်။၈နာရီ မတိုင်ခင် သူမ pH ထဲက application မှ attendance ကို နှိပ်နိုင်မှ သူ late မဖြစ်ပေ။
Late က ၂ရက်ကျော်လျှင် ပိုက်ဆံ တစ်ရက်စာ ဖြတ်လေသည်။
သူမ အလျင်အမြန် ကူးလိုက်သောကြောင့် ကားသမား အချို့ အော်ဆဲသွားလေသည်။
*** တကယ်တော့ သူမ မျဉ်းကြားက ကူးတာပါ။ ခက်တာက ဘယ်သူမှ သူမကို ရပ်မပေးကြပေ။
ဘဝက ပြေးလွှားနေရလေသည်။
သူမ attendance နှိပ်ပြီးမှ သက်ပြင်းချနိုင်လေသည်။
အိတ်တွေ ဘေးချ ပြီး ရေဗူးထဲက ရေ တွေ သောက်လိုက်လေသည်။
မနက်မှာ အမေ ကြော်ပေးထားတဲ့ ထမင်းကြော် စားထား၍ တော်သေးသည်။
ဒီလိုနဲ့ သူမ ကွန်ပြူတာ ဖွင့်လိုက်ပြီး မနေ့က အလုပ်ကို ဆက်လုပ်လေသည်။
နိုရာ Boss ကတော့ ဘယ်တည်းက ရောက်နေလဲမသိ၊ အခန်းထဲက ထွက်လာပြီး သူမကို Scan ဖတ်ခိုင်းလေသည်။
**အေးလေ သူ့လို ကားလေးနဲ့ ငြိမ့်ပြီးလာနိုင်ရင်တော့ အစောကြီး ရောက်မှာပေါ့လေ။
သူမ scan ဖတ်ရင် သမ်းဝေ မိလေသည်။
သူမ boss က သူမကိုကြည့်ပြီး မျက်ခုံးရှုံကြည့်နေတော့ သူ မြန်မြန် မျက်နှာကို ပြင်လိုက်ရလေသည်။
အေးလေ ဒီလို ဝါးကနဲ သမ်းတာကို ဘယ်သူက ကြိုက်ပါ့မလဲ။
ခက်တာ သူမ အလုပ်နဲ့ ကျောင်းနဲ့ အရမ်း ပင်ပန်းလှသည်။
အကယ်၍ မေမေသာ ပိုက်ဆံ စုထားခဲ့လျှင် သူမ ကျောင်းပဲ ေအးဆေး တက်ချင်မိသည်။
ဒီလို သူမ ရေသာခိုမိသည့် အတွေးတွေးမိတော့လည်း ကိုယ့်ဘာသာ ရှက်မိလေသည်။
နိုင်ငံခြားမှာ နေတုန်းက သူမက ဒီလို ၁၉နှစ်တွေက အပြင်မှာတောင် သပ်သပ်နေပြီးကြပြီမလား။
အခု ဘာပဲပြောပြော နိုရာက မေ့မေ့ကို မှီခိုနိုင်သေးသည်။ ချက်ပြုတ်လျှော်ဖွပ်သန့်ရှင်းရေးပေါ့။
YOU ARE READING
Who Trust Me? (ရပ်နား)
De Todoမိန်းကလေး2ေယာက်ရဲ့ လုပ်ငန်းခွင် အကြောင်းများ။ ဘယ်သူတွေက သူတို့ကို ယုံကြမလဲ။ သူတို့တွေ စိတ်ညစ်လို့ ကမ်းခြေမှာ ထိုင်မိတဲ့အခါ သူတို့က ပြသနာအစကို ပြန်သွားချင်တဲ့အခါ။ အနာဂတ်ကာလက Nile ကရော Time Travel သွားမိပြီး သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ချစ်မိသွာ...