7

30 4 4
                                    

အချိန်က၂၀၁၉ ခုနှစ်ဇန်နဝါရီ ၁၂ ရက်

မမဂျူးဆိုကို Nile ပြန်ပို့ပေးလိုက်သည်။

အောင်မြင် အဆင်ပြေတော့
သူက နိုရာကို တစ်ခါ ထပ်ပို့ပေးလေသည်။

Jelly က
"ဝမ်းသာဂုဏ်ယူပါတယ် Master အခုဆိုရင် အတိတ်က ရှိပြီးသား body ဆီတောင် ပြန်သွားလို့ရပြီ"
"ဟုတ်ပ ငါ Mars ကို ရော စမ်းကြည့်ရမလား။ ဒါကို Chronosphere လို ဒီဘက် ခုန်လိုက် ဟိုဘက်ရောက်လိုက်နဲ့ဆိုရင် ငါတို့တွေ ယာဉ်ပျံတွေတောင် မလိုလောက်တော့ဘူး"
"ဒါပေမယ့် အန္တရာယ်များတယ်မလား"
"ဟုတ်တော့ဟုတ်တယ်။ အလောင်းတောင် ရှာမတွေ့ဘူး ဖြစ်သွားမှာ။"

နိုရာက
"ဘာစားမလဲ။ အနာဂတ်ကသူတွေက ဗိုက်မဆာတတ်ဘူးလား"

နိုရာက ပြောလိုက်မှ Nile တစ်ယောက် ဗိုက်ထဲ ဂွီဟု မြည်လာလေသည်။

"စားမယ် အခုမှ ဆာလာပြီ ဘာကျွေးမှာလဲ ဟောဒီ ကိုကိုကိုလေ"

နိုရာ ခေါင်းရမ်းလိုက်ပြီး

"အထူးတလည် နိုရာရဲ့ ခေါက်ဆွဲပြုတ်ပေါ့"

"ခေါက်ဆွဲဆိုတာက အမျှင်လေးတွေ မလား"
"အနာဂတ်မှာ မရှိဘူးလား"
"အင်း ငါးရယ် ဂျုံတွေနဲ့ လုပ်တာတွေရယ် မရှိတော့ဘူး။"
"အော် ဒါဆို အဝ စားသွားလေ"
နိုရာ ကျိတ်ပြုံး ပြုံး လိုက်လေသည်။
သူ့ကို ငါးဟင်းနဲ့ ခေါက်ဆွဲပြုတ်ပဲ အဝကျွေးမည်လေ။ သက်သာအောင်ပေါ့။

သူ့ကို ဗူးခေါက်ဆွဲ လှမ်းပေးလိုက်လေသည်။

ထိုစဉ် Jelly က ထအော်လေသည်။
"Master သူမမျက်နှာကို ဖတ်ကြည့်တာ မကောင်းကြံနေတဲ့ပုံပါပဲ"

နိုရာက "ဟယ် ဒီစက်ရုပ်က ဘာကြီးလဲ"
"ကျွန်တော်က စက်ရုပ်မဟုတ်ပါဘူး။ ကျွန်တော်က အနာဂတ်ရဲ့ အမတ် တစ်ယောက်ပါ။"
"Nile အဲ့လို ရှိလား"
"ကိုကို တပ်ခေါ်မယ်ဆို။ အခေါ်အဝေါ်က ဒီမှာ အရေးကြီးတယ်ဆို"
"အင်း ကိုကို Nile"
"မင်းဘာတွေ စိတ်ထဲ မကောင်းကြံနေတာလဲ"
"မကြံပါဘူး။ ကိုကိုNile က ခေါက်ဆွဲနှင့်ငါးကြိုက်တယ်ဆိုလို့ပါ။ ပျော်သွားတာ။ အဲ့ဟာတွေက ဈေးပေါတယ်လို့"
"အင်း ထားပါတော့။ ဒီမှာ သူ့ကို တွေ့တယ်နော် မင်း မဟုတ်တာတွေ ငါ့ကို ကြံလို့ မရဘူးနော်"
"ဒါနဲ့ ကိုကို‌Nile နေဖို့က မမဂျူးဆို ဆီမှာက ပို အဆင်‌ေပြမှာ။ ဒီမှာက မေမေ ရှိတယ်။"
"အင်း ရပါတယ်။ ဘယ်တတ်နိုင်မလဲ။ သူ လည်း မရရင် မင်းတို့၂ယောက် ငါ့ကို ၆လလောက် တိုက်ခန်းငှားပေး။"

Who Trust Me? (ရပ်နား)Where stories live. Discover now