Nile တစ်ယောက် စိတ်ဆိုးဆိုးနဲ့ သူ့ အိမ်ရှိရာကို ပြန်လာခဲ့လေသည်။
သူ အိပ်လိုက် စားလိုက် စာဖတ်လိုက် ယာဉ်ပျံတွေကို ပြင်လိုက် robot လေးတွေကို memory ပြန်ရေးသွင်းလိုက်နဲ့ တစ်ပတ်ကုန်သွားလေသည်။
သူ အတော်လေး ပျင်းလာတော့ သူ ဟိုးအရင်က ကလိထားတဲ့ time machine စက်ကို ပြန်ပြင်လေသည်။
Jelly က သူ့ကို မေးလေသည်။
"Master ဒီဟာက ကန့်သတ်ထားတဲ့ စက်လေ။ ဘာလို့ ထွင်နေတာလဲ။ သိသွားရင် အဖမ်းခံရမှာနော်"
"ငါသိတယ်။ မင်းသာ လျှောက်မပြောရင် ဘယ်သူက သိမှာလဲ"
"Master က ဘယ်သွားမလို့လဲ။ အနာဂတ်ကိုလား"
"မသွားချင်ပါဘူး တော်ကြာ ကမ္ဘာပျက်နေတဲ့ အချိန်ရောက်သွားရင် ဒုက္ခ ငါက အတိတ်ကို ပြန်သွားကြည့်ချင်တာ။ အပျော်ပေါ့ကွာ။"
"Ok Master ဒါက မဆိုးဘူး"
"မင်းပါ လိုက်ခဲ့မှာလား"
"လိုက်ခဲ့ရမှာပေါ့။ ကျွန်တော့် Master စိတ်ကူးထားတဲ့ အတိုင်းကို"
"အိုကေ အဲ့ဒါဆို ငါတို့ နောက် နှစ် ၅၀၀ ကို ပြန်သွားကြမယ်။ မင်းအဲ့ဒီနှစ်က အကြောင်းတွေ ရှာပြီး သင်လာခဲ့"
"ဘယ် latitude longitude လဲ"
"အခု သုံးတဲ့စကားရှိမဲ့ lat long ကို ပြန်ရှာလိုက်ကွာ"
"အိုကေ Master"
"မြန်မာပြည်ပေါ့ 16.871311,96.199379"
"အင်း ငါ စက်ကို ပြင်လိုက်ဦးမယ်။ မင်း ပါးစပ်ကို ပိတ်ထားနော်။ မင်း သူငယ်ချင်းတွေကို မပြောနဲ့ဦး။"Jelly တစ်ယောက် သူ့ Girl Friend Yo Yo ကို message ပို့လိုက်လေသည်။
သူ အချိန်ခရီးသွားမည် ဖြစ်ကြောင်း။ သူ၏ ချစ်မေတ္တာစာတိုလေးတွေ မပို့ နိုင်ကြောင်းပေါ့။Yo Yo က John ၏ Pet Robot တစ်ဦး။
John က သူ့ညီ Nile အချိန် ခရီးသွားမှာ သိသွာလေသည်။
"Yo Yo ငါ တားသင့်သလား"
"မတားသင့်ပါဘူး"
"သူ သေသွားရင်ရော ဘယ်လို လုပ်မလဲ"
"Master ရဲ့ ညီက အရမ်း ခေါင်းမာတာ Master အသိပါ။ သူ ဒီစက်ကို စမ်းချင်နေတာ ကြာလှပြီ။ ပေးစမ်းလိုက်ပါ။ သူအောင်မြင်သွားရင်လည်း အမြတ်ပေါ့။ သူ့ အရည်အချင်းအရ အောင်မြင်မှာပါ"
"အင်းပါလေ။ အခု ချိန်အထိ လူသားတွေ ကျန်နေနိုင်တာကိုက စမ်းသက်တီထွင်မှုတွေ ကြောင့်ပဲမလား။ ဒါပေမယ့် Yo Yo တစ်ကမ္ဘာလုံး လူနှစ်သိန်းပဲ ကျန်တော့တာကလည်း ဒီလို ပေါက်တတ်ကရတွေကြောင့်ပဲထင်မိတယ်"
"Master စွမ်းရည်မြင့် ဦးနှောက်တွေ ပိုင်ဆိုင်ထားတဲ့ မျိုးစိတ် တစ်ခုက ဘာမှ မလုပ်ပဲ မနေနိုင်ကြတာ ထုံးစံပါ။ တိုးတက်လာတာနဲ့ အမျှ ပျက်စီးလာတာကလည်း ထုံးစံပါပဲ။ ဒီတိုင်းကြီး Yo Yo တို့ ထိုင်နေကြတာမှ မဟုတ်တာ။ အခု ကမ္ဘာကြီးကိုပြန်ပြင်နေတာ တစ်စိတ်တောင် သန့်သွားပြီလေ။ နောက် အနှစ်၅၀ ဆို ကမ္ဘာကြီးက
ကမ္ဘာဦး အစလို ပြန် သန့်သွားမှာပါ။"
YOU ARE READING
Who Trust Me? (ရပ်နား)
Aléatoireမိန်းကလေး2ေယာက်ရဲ့ လုပ်ငန်းခွင် အကြောင်းများ။ ဘယ်သူတွေက သူတို့ကို ယုံကြမလဲ။ သူတို့တွေ စိတ်ညစ်လို့ ကမ်းခြေမှာ ထိုင်မိတဲ့အခါ သူတို့က ပြသနာအစကို ပြန်သွားချင်တဲ့အခါ။ အနာဂတ်ကာလက Nile ကရော Time Travel သွားမိပြီး သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ချစ်မိသွာ...