နိုရာ ကို လှမ်းကိုင်လိုက်သော Boss ၏ လက်တွေက အရမ်းကို မြန်ဆန်လှသည်။
သူ၏ လက်က ပုခုံးနှစ်ဘက်ကို လှမ်းကိုင်လိုက်တဲ့အခါမှာ နိုရာကြောင်အသွားလေသည်။
မျက်နှာချင်းဆိုင် မှ သူက နိုရာ့ခါးကို ကိုင်ကာ သူ့ ကိုယ်ကို လှမ်းဆွဲလိုက်တော့ နိုရာ ရှေ့ကို ယိုင်သွားလေသည်။
သူ တစ်ခါမှ ယောက်ျားေလး တစ်ယောက်နဲ့ နီးနီးနားနား မနေဖူးချေ။
သူရုန်းရမလား။ သူ ဆက်ရပ်နေရမလား မတွေးတတ်တော့ချေ။အချိန်တွေက အတော့်ကို ကြာလွန်းသည်။
သူ သတိဝင်လာပြီး သူ့လက်ကနဲ ရုန်းလိုက်မိသည်။
"Boss"
ဟု သူမ အော်မိကာ လှည့်ထွက်သွားတော့။ဲီဒီလိုနဲ့ bossက လှည့်ထွက်သွားေသာ သူမ လက်ကို လှမ်းဆွဲလိုက်လေသည်။
သူက သူမကို ထပ်ပြီး လှမ်းဆွဲဦးမည် မထင်သဖြင့်
သူမ သူ့ ကိုယ်ပေါ် ယိုင်လဲ သွားလေသည်။သူက လည်း အနားမှာ ရှိသော sofa ပေါ် ထိုင်ရက် ကျသွားလေသည်။
ဒီအနေအထားက တကယ့် အဆင်မပြေ။
နိုရာက သူ့ပေါင်ပေါ် ရောက်နေလေသည်။
သူက နိုရာ့ ခါးကို ချုပ်ထားပြီး သူမကို နမ်းလိုက်လေသည်။
နိုရာ ရုန်းလိုက်လည်း မရ။x x x
ဒီ အဖြစ်အပျက်က သူမ ရုန်းမရသဖြင့် သူမ အနမ်းခံလိုက်ရလေသည်။
အထိအတွေ့က ကြောက်စရာ။ ဒီလိုမျိုးကို သူမ မကြုံဖူးတော့ သာယာမိတာလား။ ရုတ်တရက်မို့ ကြောင်အ သွားတာလားမသိ။ သူမ ထပ် မရုန်းမိတော့ချေ။
x x x
"Darling Surprise!"
ဒီအသံကြားလိုက်တော့ သူတို့ ၂ယောက် လှည့်ကြည့်လိုက်လေသည်။ကြောင်အအနဲ့ ရပ်နေသော Boss ၏ မိန်းမ နှင့် မမ Suzy
Boss မိန်းမက သူမတို့ နှစ်ယောက်ပုံစံတွေ့ပြီး သူမ ကိုင်ထားသော ပန်းစည်းကြီး ပြုတ်ကျသွားလေသည်။
မမ Suzy က သူမကို အော်ပြောလေသည်။
"နိုရာ နင်ဒါက ဘာလုပ်နေတာလဲ"သူမက သူ့ကို စပ်ဆုတ်ရွံရှာသလို ကြည့်နေလေသည်။
"မဟုတ်ဘူး မမ Suzy နဲ့ မမမာသန် ဒါက အထင်လွဲတာပါ။"
YOU ARE READING
Who Trust Me? (ရပ်နား)
Randomမိန်းကလေး2ေယာက်ရဲ့ လုပ်ငန်းခွင် အကြောင်းများ။ ဘယ်သူတွေက သူတို့ကို ယုံကြမလဲ။ သူတို့တွေ စိတ်ညစ်လို့ ကမ်းခြေမှာ ထိုင်မိတဲ့အခါ သူတို့က ပြသနာအစကို ပြန်သွားချင်တဲ့အခါ။ အနာဂတ်ကာလက Nile ကရော Time Travel သွားမိပြီး သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို ချစ်မိသွာ...