Part (( 1 ))

73.1K 2.7K 242
                                    

Unicode

2016/ June

တက္ကသိုလ်ကျောင်းသားကျောင်းသူများဖြင့် အရောင်အသွေးစုံကာစည်ကားနေသည့်ဆိုးလ်တက္ကသိုလ်ကြီး၏ ကန်တင်းဘက်တစ်နေရာသို့ရောက်နေသည့်ကောင်လေးနှစ်ဦး။

တစ်​ယောက်ကတော့ တစ်စုံတစ်ယောက်ကိုရှာနေဟန်ဖြင့်တက်ကြွနေသော်လည်း သူ့ဘေးနားကတစ်ယောက်ကတော့စူပုပ်ပုပ်ရယ်သာ။ ထိုသူကတော့Jungkookပင်။

သူ့အစ်ကိုတစ်ဝမ်းကွဲတော်စပ်သည့် သူနှင့်ငယ်ငယ်တည်းက သူငယ်ချင်းပေါင်းပေါင်းသည့်Yoongi hyung၏ရည်းစားအားလာချော့ခြင်းအမှုတွင် မဆီမဆိုင် စာမေးပွဲနီး၍စာကြည့်တိုက်တွင်စာလုပ်နေသည့် သူ့ဆီသို့ရောက်လာကာ သူ့ကိုပါအတင်းဆွဲခေါ်လာလို့စိတ်ကကြည်မနေ။

ဘယ်နှယ့် စာလုပ်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ကို စာကြည့်တိုက်ကနေခေါ်ထုတ်လာတဲ့အစ်ကိုလဲ?

ရုတ်တရက်လိုက်ပါလာရသည်မလို့ အနွေးထည်ကလည်းစာကြည့်တိုက်မှာကျန်ခဲ့လေပြီ။ ထို့ကြောင့် ပေကပ်ကပ်စူပုပ်ပုပ်ဖြစ်နေသည့်သူ့အား Yoongi hyungကသိသည့်အလား သူ့ဂျာကင်အဝါလေးချွတ်ကာဝတ်စေသည်။ သူကလည်းငြင်းမနေ။ မျက်စောင်းတစ်ချက်ထိုးရင်း ခပ်တည်တည်ပင်ယူဝတ်သည်။ Hyungဇွတ်ခေါ်လာလို့သူအေးနေရတာမလား?? ဘယ်နှယ့်အထက်တန်းကျောင်းသားကို သူ့ရည်းစားချော့တဲ့ကိစ္စကိုခေါ်လာရသည်တုန်း။

"အာ ဟိုးကTaehyungဖြစ်မယ်ထင်တယ်"

ခပ်လှမ်းလှမ်းကနေသူတို့ဆီလျှောက်လာသည့် ကောင်လေးတစ်ယောက်ကိုလှမ်းကြည့်ရင်းYoongiပြောလိုက်တော့Jungkookပါလှမ်းကြည့်လိုက်သည်။

သူ့လိုပဲမျက်နှာကစူပုပ်ပုပ်ကောင်လေးတစ်ယောက်ကလည်း ဟိုကြည့်ဒီကြည့်နှင့်လူရှာနေသလိုလိုဖြင့် သူတို့ကိုမြင်တော့မှသေချာသွားသလိုလျှောက်လာသည်။

ဘုရားရေ!! ချောလိုက်တာကောင်လေးက။ သူကြည့်နေကျ Animeကားတွေထဲက ဇာတ်ကောင်လေးများအပြင်ကိုရောက်လာလေသလား??

မဟုတ်သေးပါဘူး။ အရမ်းကိုချောတာပဲ။ လှရက်လွန်းသည့်ထိုလူသားသေးသေးလေးကြောင့် ရင်တွေလည်းခုန်လာသည်ကြောင့် ပါးစပ်အဟောင်းသားဖြင့်သာငေးကြည့်ပေးနေလိုက်သည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now