'စစ်ပွဲ စတင်ပြီ တဲ့ဟေ့ '
ကြေညာချက်နဲ့အတူ ဈေးလမ်းထဲမှာကား လူအားလုံးက ဖရိုဖရဲ ။ နယ်စပ်ဒေသကလေးဖြစ်လို့ စစ်ပွဲ စတင်ပြီ ဆိုတာနှင့် အရင်ဆုံး အထိအခိုက်များမည့် ဒေသ ။
ခွေးတွေလည်း အူ ။ ကြက်၊ ဘဲ စသည့် သတ္တဝါတို့လည်း ဆောက်တည်ရာမရ ။ အထုပ်အပိုး ပြင်သူပြင် ၊ ရိက္ခာခြောက်များ ထည့်ပိုးသူတွေနှင့် ပျားပန်းခတ်မျှ အလုပ်ရှုပ်ကြ ။
'ဒီမှာ ကောင်လေး ငါ ဆိုင်ပိတ်တော့မလို့ '
ပွနေပြီ ဖြစ်သော ခေါက်ဆွဲပန်းကန်ကို ရှေ့မှာချ ။ ခမောက်ခပ်ငိုက်ငိုက် ဆောင်းထားသည့် ပုဂ္ဂိုလ်ကဖြင့် တုပ်တုပ်မလှုပ် ။
'ဟေ့ မင်း နားကန်းနေလား ။ ဒီမှာ စစ်ဖြစ်တော့မှာ။ အဲ့တာကြောင့် ဆိုင်ပိတ်မလို့ ။ သွား မင်းလည်း မင်းအိမ် မင်းပြန် '
'စားလို့ မပြီးသေးဘူး ။ ပြီးတော့ အိမ် မရှိဘူး '
ခမောက်နှင့် တွဲထားသည့် ပုဝါရှည် ဖုံးကွယ်ထားသည့် မျက်နှာကဖြင့် အဘယ်သို့ ရှိမည်မသိ ။
အသံကတော့ မာန်အပြည့် ။
'ရူးနေလား မင်းက ! အေး မင်း မပြန်ချင်လည်း ဆက်ထိုင်နေ။ ငါတော့ ဆိုင်ပိတ်ပြီ !'
'ခဏ !'
ဆိုင်ရှင် ဦးလေးကြီး၏ ခြေလှမ်းတို့ရှေ့မှာ ဓားတစ်စင်းက ကန့်လန့်ပိတ်သည် ။
'သေရည် ! သေရည် ခပ်ကောင်းကောင်းချပေးခဲ့'
ဓားတန်ခိုးကြောင့် တုန်တုန်ချိချိ ဖြစ်သွားသော ဦးလေးကြီးက သေရည်ပုလင်းတို့ကို ခပ်သုတ်သုတ် ချခဲ့ပြီး ဆိုင်တံခါးပါ ပိတ်သွားသည် ။
အနက်ရောင် ဝတ်စုံအပြည့်နှင့် ခမောက်ဆောင်းထားသော လူငယ်က အရက်ပုလင်းကို ဆွဲ လမ်းကို ခပ်ဖြည်းဖြည်း လျှောက်သည် ။
ထေ့ငေါ့ငေါ့ လှောင်ပြုံးရိပ်သန်းသော နှုတ်ခမ်းဖျားမှာက မှည့်နက်လေး တစ်လုံးရှိသည် ။
.……………။…………
'ရှာတွေ့လား '
ဒူးထောက်လျက် ခစားနေရသော တရားရေး ဝန်ကြီး ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည် ။
ဖြေရမည့် စကားလုံးတို့က ရွှေစိတ်တော်ကို ထိခိုက်သထက် ထိခိုက်အောင် ၊ အမျက်တော် ပိုထွက်သထက် ထွက်အောင် ပြုမိမည်မှာ အထင်အရှားပင် ။
YOU ARE READING
ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) Completed