(13)

16.6K 2.6K 96
                                    

"ယဇ်ပူဇော်ပွဲ"

ဘုရင့်သွေး တစ်ဝက်ပါတဲ့ မင်းသားငယ်ဟာ တကယ်ပဲ ယဇ်ကောင် အဖြစ် ရွေးချယ်ခြင်း ခံရတယ်။နှင်းဖြူ ဝံပုလွေတွေကို ပူဇော်ပသဖို့အတွက် ရှောင်းမျိုးနွယ်ဝင်တွေက တောင်းတဲ့ တန်ကြေးတဲ့။

ခမည်းတော် ဘုရင်က နှင်းဖြူဝံပုလွေ တောင်ကုန်းကို ဖြတ်သန်းခွင့် ရလာခဲ့ရင် ဖြစ်ပေါ်မယ့် အကျိုးအမြတ်တွေနဲ့ သားတော်ရဲ့ အသက်ကို လဲလှယ်စေတယ်။

မင်းသားတွေ အများကြီး ရှိနေကြတဲ့ အထဲ သားတော် တစ်ပါးက သူ့အတွက်  ဘာအရေးပါခဲ့မှာလဲ။

မြူတွေစိုင်းတဲ့ တစ်ရက်မှာ ကြိုးအထပ်ထပ် တုပ်နှောင်ပြီး ဝံပုလွေတွေ အစားခံရဖို့အတွက် မင်းသားငယ်ဟာ အသင့်စောင့်နေပေးရတယ်။

ဘာကြောင့်လဲ။
ဒီရှောင်းမျိုးနွယ်စုတွေက ဘာမို့လို့လဲ။
နတ်ဝံပုလွေဆိုတာကရော တိရစ္ဆာန်တွေပဲ မဟုတ်ဖူးလား။

ဘာကြောင့် တော်ဝင်မျိုးနွယ်ရဲ့ အသက်နဲ့ အလဲအဆက် လုပ်ရမှာတဲ့လဲ။

ဘာကြောင့် ရိပေါ်တို့ဆီကိုမှ ဒီကံကြမ္မာက ကျရောက်နေခဲ့ရတာလဲ။ မွေးကတည်းက မြင်တောင် မမြင်ဖူးလိုက်ရတဲ့ အမေတစ်ယောက်လုံးရဲ့ အသက်ကို အဲ့ဝံပုလွေတွေက နှုတ်ယူသွားပြီးတာတောင် မကျေနပ်နိုင်သေးဘူးတဲ့လား။

မင်းသားငယ်ရဲ့ သန္ဓေစိတ်ထဲ မုန်းတီးမှု အရိပ်တွေ ရောယှက်တယ်။

ဒီတောင်ကုန်းကို မရရအောင် ပြန်သိမ်းပြမယ်။
ရှောင်းတစ်မျိုးလုံးကို လက်စတုံးပစ်မယ်။

မင်းသားငယ်ရဲ့ နာကျည်းမှုက ခွန်အားသဏ္ဍန် အသွင်ပြောင်းတယ်။

အထပ်ထပ် ချုပ်နှောင်မှုတွေကို လွတ်မြောက်အောင် ကြိုးစားပြီး ထွက်ပြေးတယ်။ ဝံပုလွေတွေအတွက် ယဇ်ပူဇော်ဖို့ ပြင်ဆင်ပေးနေတဲ့ လူတစ်စုက လွတ်မြောက်သွားတဲ့ မင်းသားငယ်ရဲ့  နောက်ကို လိုက်ဖမ်းတယ်။

ထွက်ပြေးတယ်။

မသေချင်ဘူး။ ရိပေါ်က ဘာအပြစ်ရှိလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီတိရစ္ဆာန်တွေဆီမှာ သေပေးရမှာလဲ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedOnde histórias criam vida. Descubra agora